ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
တောလည် 28:19 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်အနာအဆာကင်းသော နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။ Common Language Bible ထာဝရဘုရားအားဆက်သသောပူဇော် သကာအဖြစ် အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ပူဇော် ရမည်။- Garrad Bible မီး ပူ ဇော် ရာ၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ကြန် အင် စုံ သော နွား ပေါက် နှစ် ကောင်၊ သိုး ထီး တစ် ကောင်၊ အ ခါ လည် သော သိုး သား ငယ် အ ထီး ခု နစ် ကောင် ကို လည်း ကောင်း၊ Judson Bible ထာဝရဘုရားအား မီးဖြင့်ပြုသောယဇ်တည်းဟူသော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ |
ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
အနာအဆာပါသောမည်သည့်အကောင်ကိုမျှ မပူဇော်ရ။ ပူဇော်လျှင် သင်တို့အား လက်ခံတော်မူမည်မဟုတ်။
နွားထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို ပူဇော်ရမည်။
ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာအပြင် အပြစ်အနာအဆာကင်းသောယဇ်ကောင်များနှင့် ထိုယဇ်ကောင်များအတွက် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ပူဇော်ရမည်။
အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်ခုနစ်ကောင်ကို မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
အကယ်၍ ထိုအကောင်သည် ခြေမသန်ခြင်း၊ မျက်စိမမြင်ခြင်း စသည့် ဆိုးရွားသောအနာအဆာတစ်စုံတစ်ရာဖြစ်နေလျှင် ထိုအနာအဆာရှိသောအကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားအား ယဇ်မပူဇော်ရ။
နာမတော်ကိန်းဝပ်ရာအဖြစ် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သိုး၊ နွား တို့ကို ပသခါယဇ်အဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရမည်။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။