‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
တောလည် 27:3 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။ Common Language Bible ``ကျွန်မတို့၏ဖခင်သည်တောကန္တာရ၌ သေ ဆုံးခဲ့ရာသားယောကျာ်းဟူ၍တစ်ယောက်မျှ မကျန်ရစ်ပါ။ ဖခင်သည်ထာဝရဘုရား အားပုန်ကန်သောကောရ၏လူစုတွင်မပါ ဝင်ခဲ့ပါ။ သူသည်မိမိ၏အပြစ်ကြောင့်သေ ဆုံးခဲ့ရပါသည်။- Garrad Bible ကျွန် မ တို့ အ ဘ သည် ထာ ဝ ရ ဘု ရား ကို ဆန့် ကျင် ဘက် စု ရုံး သော ကော ရ အ ပေါင်း အ သင်း ၌ မ ပါ မ ဝင် သော် လည်း ကိုယ့် ပြစ် ဒဏ် ကို ခံ လျက် သား ယောက်ျား မ ရ ဘဲ သဲ တော တွင် သေ လွန် လေ ပြီ။ Judson Bible အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရားတစ်ဖက်၌ စုဝေးသောအပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌သားယောက်ျား မရှိပါ။ |
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
ငါထာဝရဘုရားမိန့်တော်မူပြီ။ အကယ်စင်စစ် ငါ့ကို ဆန့်ကျင်စုဝေးကြသည့် ဤဆိုးညစ်သောလူထုအပေါင်းတို့ကို ငါသည် ထိုသို့ပြုမည်။ သူတို့သည် ဤတောကန္တာရထဲ၌ လမ်းဆုံးကြရလိမ့်မည်။ ထိုအရပ်တွင် သင်တို့ သေဆုံးကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောရသည် လူထုအပေါင်းတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် လူထုအပေါင်းတို့ရှေ့၌ထင်ရှား၍
ကောရကြောင့် သေဆုံးသူတို့အပြင် ဘေးဒဏ်ကြောင့် သေဆုံးသူ တစ်သောင်းလေးထောင့်ခုနစ်ရာ ရှိ၏။
ဟေဖာသား ဇလောဖဒ်၌ သားမရှိ၊ သမီးများသာရှိ၏။ ထိုသမီးတို့၏အမည်မှာ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ တို့ဖြစ်ကြ၏။
တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်နှင့်လူထုအပေါင်းတို့ရှေ့တွင် ရပ်လျက်
ထိုသို့ သူ၌သားမရှိသောကြောင့် အကျွန်ုပ်တို့ဖခင်၏အမည်ကို သူ့မျိုးနွယ်စုထဲမှ နုတ်ပယ်ကြမည်လော။ အကျွန်ုပ်တို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အကျွန်ုပ်တို့ကိုလည်း အမွေပေးပါလော့”ဟု တောင်းဆိုကြ၏။
တစ်ဖန် ကိုယ်တော်က“ငါသည်သွားရတော့မည်။ သင်တို့ကား ငါ့ကိုရှာလျက် ကိုယ့်အပြစ်၌သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည် မိမိတို့အပြစ်များ၌သေကြလိမ့်မည်ဟု ငါဆိုခဲ့၏။ အကြောင်းမူကား ငါသည် ထိုအရှင်ဖြစ်ကြောင်းကို သင်တို့မယုံကြည်လျှင် သင်တို့သည် မိမိတို့အပြစ်များ၌ သေကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် တစ်ယောက်သောသူအားဖြင့် အပြစ်တရားသည် ဤလောကထဲသို့ဝင်လာ၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ပြုသဖြင့် လူသားအားလုံးအပေါ်၌ သေခြင်းတရားသက်ရောက်ခဲ့၏။
ဤသည်ကား အပြစ်သည် သေခြင်းအားဖြင့် စိုးမိုးခဲ့သည့်နည်းတူ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းအားဖြင့် စိုးမိုးလျက် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏။