တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့မှပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲကို မြင်သောအခါ “ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ် တည်လေပြီ”ဟုဆိုပြီး သူ့ကို လာရောက်တွေ့ဆုံ၍ မြေမှာပျပ်ဝပ်လျက်
တောလည် 27:20 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် သူ့စကားကိုနားထောင်မည့်အကြောင်း သင်၏အခွင့်အာဏာအချို့ကို သူ့အားပေးလော့။ Common Language Bible ဣသရေလအမျိုးသားအပေါင်းတို့သည်သူ ၏သြဇာကိုနာခံကြစေခြင်းငှာ သင်၏ အာဏာအချို့ကိုသူ့အားလွှဲအပ်ပေးလော့။- Garrad Bible ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် လိုက် နာ ကြ စေ ရန် သင့် အာ ဏာ အ ချို့ ကို လွှဲ တင် လော့။ Judson Bible ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏စကားကို နားထောင်မည်အကြောင်း၊ သင်၏ဘုန်းအသရေအချို့ကို သူ့အပေါ်၌တင်ထားလော့။ |
တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့မှပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲကို မြင်သောအခါ “ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ် တည်လေပြီ”ဟုဆိုပြီး သူ့ကို လာရောက်တွေ့ဆုံ၍ မြေမှာပျပ်ဝပ်လျက်
ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကိုဆက်ခံ၍ ထာဝရဘုရား၏ရာဇပလ္လင်တော်ပေါ်တွင် စံနေသောအခါ သူသည် ထွန်းပေါက်အောင်မြင်ပြီး အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးက သူ့ကို နာခံလေ၏။
ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။
ငါဆင်းလာ၍ ထိုနေရာ၌ သင်နှင့်စကားပြောမည်။ ငါသည် သင်၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ ထိုသူတို့ထဲသို့ သွင်းပေးမည်။ သူတို့သည် သင်နှင့်အတူ ထိုလူမျိုး၏ဝန်ကို ထမ်းကြရလိမ့်မည်။ သို့ဖြစ်၍ သင်တစ်ယောက်တည်း ထမ်းရတော့မည်မဟုတ်။
သင်သည် သူ့ကို ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုအပေါင်းတို့၏ရှေ့၌ ရပ်စေ၍ သူတို့ရှေ့မှောက်၌ သူ့ကိုမိန့်မှာလော့။
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်သို့ တစ်မုဟုတ်ချင်းဆင်းသက်၍ သူတို့နှင့်အတူ ပရောဖက်ပြုပြီး လူသစ်တစ်ယောက်အဖြစ်ပြောင်းသွားလိမ့်မည်။
ရှောလုသည် ရှမွေလကို ကျောခိုင်း၍ ထွက်သွားစဉ်တွင် ဘုရားသခင်သည် သူ့ကို စိတ်နှလုံးသစ် ပြောင်းလဲပေးလိုက်သဖြင့် ထိုနေ့တွင်ပင် နိမိတ်လက္ခဏာများ အလုံးစုံဖြစ်လာ၏။