မောရှေသည် ထာဝရဘုရားမိန့်မှာသည့်အတိုင်း သိနာတောကန္တာရ၌ ထိုသူတို့ကိုရေတွက်လေ၏။
တောလည် 26:63 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာက အစ္စရေးအမျိုးသားတို့ကို ရေတွက်ခဲ့သောအရေအတွက် ဖြစ်၏။ Common Language Bible ဤလူဦးရေစာရင်းသည်မောရှေနှင့်ဧလာဇာ တို့က ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နား ရှိမောဘလွင်ပြင်တွင် ဣသရေလအမျိုး သားတို့ကိုသားချင်းစုအလိုက်ကောက်ယူ သည့်စာရင်းဖြစ်သတည်း။- Garrad Bible ယေ ရိ ခေါ မြို့ တစ် ဘက်၊ ယော် ဒန် မြစ် အ နီး၊ မော ဘ လွင် ပြင်၌ မော ရှေ နှင့် ပ ရော ဟိတ် ဧ လာ ဇာ တို့ စာ ရင်း ကောက် သော ဣ သ ရေ လ အ မျိုး သား တို့ ကား ထို သို့ တည်း။ Judson Bible ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌စာရင်းယူသော ဣသရေလအမျိုးသားပေတည်း။ |
မောရှေသည် ထာဝရဘုရားမိန့်မှာသည့်အတိုင်း သိနာတောကန္တာရ၌ ထိုသူတို့ကိုရေတွက်လေ၏။
သို့ဖြစ်၍ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာက အစ္စရေးအမျိုးသားတို့အား
လေဝိအမျိုးတွင် တစ်လသားအရွယ်နှင့်အထက်ရှိ ယောက်ျားအားလုံးတို့၏အရေအတွက်မှာ နှစ်သောင်းသုံးထောင် ရှိ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရသဖြင့် သူတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
ဤသူတို့ထဲတွင် သိနာတောကန္တာရ၌ မောရှေနှင့်ယဇ်ပုရောဟိတ်အာရုန်တို့ ရေတွက်ခဲ့သည့်အစ္စရေးအမျိုးသားတို့၏အရေအတွက်တစ်ယောက်မျှ မပါဝင်ချေ။
အီဂျစ်ပြည်မှထွက်လာသော အစ္စရေးလူမျိုးစစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏စကားတော်ကို မနာခံသောကြောင့် ထိုပြည်ကို ငါတို့အား ပေးမည်ဟု ဘိုးဘေးတို့အားထာဝရဘုရားကျိန်ဆိုတော်မူခဲ့သော်လည်း နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့မြင်ရတော့မည်မဟုတ်ဟု ထာဝရဘုရားကျိန်ဆိုတော်မူ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်၍ သေကြကုန်၏။