ထိုအစ္စရေးအမျိုးသားနောက် တဲအတွင်းသို့ လိုက်ဝင်သွား၍ အစ္စရေးအမျိုးသားနှင့် ထိုမိန်းမ နှစ်ဦးစလုံးတို့၏ဗိုက်ကို လှံနှင့်ထိုးလေ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့တွင် ဘေးဒဏ်ငြိမ်းလေ၏။
ထိုအမျိုးသားနှင့်အမျိုးသမီးတို့ရှိရာ တဲထဲသို့လိုက်သွားပြီးလျှင် သူတို့နှစ်ယောက် စလုံးအားလှံဖြင့်ထိုးသတ်လေ၏။ ဤနည်း အားဖြင့်ဣသရေလအမျိုးသားတို့ကို သေကြေပျက်စီးစေသည့်ကပ်ရောဂါ ဖြစ်ပွားမှုကိုရပ်စေသည်။-
တဲ အ တွင်း သို့ သူ့ ကို လိုက် လံ ထိုး သတ် ရာ မိန်း မ ဝမ်း ပါ ဖောက် သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ တွင် ကပ် ရော ဂါ ငြိမ်း လေ၏။
ထိုဣသရေလလူကို တဲအတွင်းသို့လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်လည်းကောင်း၊ မိန်းမကိုဝမ်းပေါက်အောင်လည်းကောင်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။
ရှောလုမင်းကြီးနှင့် သားတော်ယောနသန်တို့၏အရိုးကို ဗင်္ယာမိန်ပြည်၊ ဇေလမြို့ရှိ ရှောလုမင်းကြီး၏ဖခင် ကိရှ၏သင်္ချိုင်းတွင် သင်္ဂြိုဟ်လိုက်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်အတိုင်း အလုံးစုံပြုပြီးသောအခါမှ ဘုရားသခင်သည် ပြည်တော်အတွက် ဆုတောင်းသံကို နားညောင်းတော်မူလေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဩရနန်အား “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ငါ့အား ရောင်းပေးလော့။ ကျသင့်ငွေအတိုင်း ငါဝယ်ယူပါမည်”ဟု မိန့်ဆိုလျှင်
“လေဝိအမျိုးနှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်သည် အသက်ရှင်ခြင်းအကြောင်း၊ ငြိမ်သက်ခြင်းအကြောင်းကို ဖြစ်စေ၏။ ငါ့ကိုကြောက်ရွံ့ရိုသေမည့်အကြောင်း ထိုပဋိညာဉ်ကို သူ့အား ငါပေးခဲ့၏။ သူသည်လည်း ငါ့ကို ကြောက်ရွံ့ရိုသေ၍ ငါ့နာမကို ရိုသေခန့်ညား၏။
ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်နားသို့လာသောသူတိုင်း သေရမည်ဖြစ်၍ အကျွန်ုပ်တို့အားလုံးသေကြရတော့မည်လော”ဟု ဆိုကြ၏။
“ယဇ်ပုရောဟိတ်အာရုန်၏မြေးဖြစ်သော ဧလာဇာ၏သားဖိနဟတ်သည် အစ္စရေးအမျိုးသားတို့အပေါ် ငါသဝန်တိုသကဲ့သို့ သဝန်တိုသဖြင့် ငါ၏အမျက်ဒေါသကို သူတို့ထံမှလွှဲစေပြီ။ ထို့ကြောင့် သဝန်တိုသော်လည်း အစ္စရေးအမျိုးသားတို့ကို ငါမဖျက်ဆီးဘဲနေလေ၏။
မောရှေကလည်း အစ္စရေးလူမျိုးတို့၏တရားသူကြီးတို့အား “သင်တို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်သောကိုယ့်လူအသီးသီးကို သတ်ရမည်”ဟု ဆို၏။
ထို့နောက် သူ့အပေါ် ကျောက်ပုံကြီးကို ပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။ ထိုအခါ ထာဝရဘုရားသည် အမျက်ပြင်းစွာထွက်ရာမှ ပြေလေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဝှမ်းဟုမှည့်ခေါ်လေ၏။