အဘိမလက်မင်းကြီးကလည်း “ငါတို့၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ တစ်စုံတစ်ဦးသောသူသည် သင်၏မယားနှင့် အခန့်မသင့်အိပ်မိလျှင် သင်သည် ငါတို့အပေါ်သို့ အပြစ်ရောက်စေခဲ့ပေလိမ့်မည်”ဟု ဆို၏။
တောလည် 25:18 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူတို့သည် ပေဂုရဘုရားအမှုအားဖြင့်လည်းကောင်း၊ ပေဂုရဘုရားအမှုကြောင့် ဘေးဒဏ်ကျရောက်သောနေ့၌ အသတ်ခံရသော သူတို့၏နှမ၊ မိဒျန်ခေါင်းဆောင်၏သမီးကောဇဘိအမှုအားဖြင့်လည်းကောင်း ပရိယာယ်ပြု၍ သင်တို့ကို ရန်ပြုခဲ့၏”ဟု မိန့်တော်မူ၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေဂုရ အရပ်တွင် သင်တို့ကိုလှည့်ဖြား၍ပြစ်မှားစေ သောကြောင့်လည်းကောင်း၊ ထိုအရပ်တွင်ရောဂါ ကပ်ကျရောက်စဉ်သေဆုံးသွားသောကောဇဘိ ကိစ္စကြောင့်လည်းကောင်း မိဒျန်အမျိုးသား တို့ကိုတိုက်ခိုက်သုတ်သင်ဖျက်ဆီးလော့'' ဟုမိန့်တော်မူ၏။ |
အဘိမလက်မင်းကြီးကလည်း “ငါတို့၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ တစ်စုံတစ်ဦးသောသူသည် သင်၏မယားနှင့် အခန့်မသင့်အိပ်မိလျှင် သင်သည် ငါတို့အပေါ်သို့ အပြစ်ရောက်စေခဲ့ပေလိမ့်မည်”ဟု ဆို၏။
ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။
သူတို့သည် မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့သွား၏။ ထိုမှ ပါရန်အမျိုးသားအချို့ကို သူတို့နှင့်အတူခေါ်၍ အီဂျစ်ပြည်သို့သွားကာ အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ ခိုဝင်ကြ၏။ ဖာရောမင်းကြီးသည် သူတို့အား နေစရာအိမ်ကိုပေးကာ အစားအစာများကို ထောက်ပံ့၍ မြေကိုလည်းပေး၏။
ထို့နောက် မောရှေက အာရုန်အား “ဤလူတို့သည် သင့်အား မည်သို့ပြုမိသဖြင့် ဤမျှကြီးလေးသောအပြစ်ကို သူတို့အပေါ်သို့ ကျရောက်စေသနည်း”ဟု မေးလျှင်
အာရုန်လုပ်သောနွားသငယ်ရုပ်တုအားဖြင့် သူတို့ပြုခဲ့သောအမှုကြောင့် ထာဝရဘုရားသည် လူတို့ကိုဒဏ်ခတ်တော်မူ၏။
အသတ်ခံရသောမိဒျန်အမျိုးသမီး၏အမည်မှာ ကောဇဘိဖြစ်၍ သူသည် မိဒျန်လူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုနှင့်ဆိုင်သောမျိုးနွယ်စု၏အကြီးအမှူးဖြစ်သော ဇုရ၏သမီးဖြစ်၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။