သို့သော် မိက္ခာယက “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါ့အား ထာဝရဘုရားမိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
တောလည် 23:26 - မြန်မာ့စံမီသမ္မာကျမ်း ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ငါသည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းသာပြုရမည်ဟု သင့်အား ငါပြောခဲ့သည်မဟုတ်လော”ဟု ပြန်ပြော၏။ Common Language Bible ဗာလမ်က``ငါသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်း ပြုလုပ်ရသည်ဟုသင့်အားငါ ပြောခဲ့ပြီမဟုတ်လော'' ဟုဖြေကြားလေသည်။ Garrad Bible ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း လိုက် နာ ရ မည့် အ ကြောင်း ကျွန်ုပ် ကြား ပြော နှင့် သည် မ ဟုတ် ပါ လော ဟု ဗာ လမ် ပြန် ဆို လေ ၏။ Judson Bible ဗာလမ်က၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း ငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီမဟုတ်လောဟု ဗာလက်မင်းအားပြန်ပြော၏။ |
သို့သော် မိက္ခာယက “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါ့အား ထာဝရဘုရားမိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
သို့သော် မိက္ခာယက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ငါ၏ဘုရားသခင် မိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
သို့သော် ဗာလမ်က ဗာလက်မင်းကြီး၏အစေအပါးတို့အား “ဗာလက်မင်းကြီးသည် ရွှေငွေနှင့်ပြည့်သော သူ၏နန်းတော်ကို ငါ့အားပေးလျှင်လည်း ငါသည် ငါ၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုလွန်ဆန်၍ ငယ်သောအမှုကိုဖြစ်စေ၊ ကြီးသောအမှုကိုဖြစ်စေ ငါမပြုဝံ့။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ယခု သင့်ထံသို့ငါရောက်လာပြီ။ သို့သော် ငါသည် တစ်စုံတစ်ရာ ပြောခွင့်ရှိသလော။ ငါ့နှုတ်၌ ဘုရားသခင်သွင်းပေးသည့်စကားကိုသာ ငါပြောရမည်”ဟု ပြန်ပြောလေ၏။
ဗာလမ်သည် ဗာလက်မင်းကြီးထံသို့ပြန်ရောက်သောအခါ ဗာလက်မင်းကြီးက မောဘလူမျိုးအကြီးအကဲများနှင့်အတူ မီးရှို့ရာယဇ်နား၌ ရပ်နေသည်ကို တွေ့ရ၏။ ဗာလက်မင်းကြီးက ဗာလမ်အား “ထာဝရဘုရားမည်သို့မိန့်တော်မူသနည်း”ဟု မေး၏။
ထိုအခါ ဗာလက်မင်းကြီးက ဗာလမ်အား “သူတို့ကို ကျိန်လည်းမကျိန်ဆဲပါနှင့်။ ကောင်းချီးလည်း အလျှင်းမပေးပါနှင့်”ဟု ဆိုလေ၏။
တစ်ဖန် ဗာလက်မင်းကြီးက ဗာလမ်အား “လာပါလော့။ သင့်ကို အခြားတစ်နေရာသို့ ခေါ်သွားမည်။ အကျွန်ုပ်အတွက် သူတို့ကို ထိုနေရာမှကျိန်ဆဲလျှင် ဘုရားသခင်နှစ်သက်ကောင်းနှစ်သက်တော်မူလိမ့်မည်”ဟု ဆို၏။
ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၌ သင်ရပ်နေလော့။ ငါတစ်နေရာသို့သွားမည်။ ထာဝရဘုရားသည် ငါနှင့်လာတွေ့ကောင်းလာတွေ့တော်မူမည်။ ငါ့အား ထာဝရဘုရားဖော်ပြသော မည်သည့်အရာမဆို သင့်အား ငါကြားပြောမည်”ဟု ဆိုပြီးနောက် တောင်ကုန်းပေါ်သို့ တက်သွားရာ
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။