ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
တောလည် 23:23 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်အမျိုးကို မှော်အတတ်ဖြင့်မပြုစားနိုင်။ အစ္စရေးလူမျိုးကို ဂမ္ဘီရပညာဖြင့်မလှည့်ဖြားနိုင်။ ယခုတွင် ‘ဘုရားသခင် မည်သို့ပြုတော်မူပါသနည်း’ဟူ၍ ယာကုပ်အမျိုး၊ အစ္စရေးလူမျိုးကိုရည်ဆောင်၍ ပြောဆိုရလိမ့်မည်။ Common Language Bible မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။ Garrad Bible ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ် ကို ဗေ ဒင် ယ တြာ ဖြင့် မ ပြု နိုင်။ ဘု ရား သ ခင် စီ ရင် တော် မူ ခြင်း ကား ကြီး လှ လေ စွ ဟု ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ် ကို ရည်၍ ယ ခု ခေတ် ဆို ဖွယ် ရှိ၏။ Judson Bible အကယ်စင်စစ် ယာကုပ်အမျိုးကို၊ ထူးဆန်းသောအတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ပြုတော်မူပြီတကားဟု ယခုကာလကိုထောက်၍ ယာကုပ်အမျိုး၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိလိမ့်မည်။ |
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
ထိုအခါ လူအပေါင်းတို့သည် ကြောက်ရွံ့၍ ဘုရားသခင်၏လုပ်ဆောင်တော်မူချက်ကို ပြောကြားကာ ကိုယ်တော်ပြုတော်မူသောအမှုကို ဂရုပြုကြလိမ့်မည်။
အစအဦးကပင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပေါ်ထွန်းစေသောအမှုကို ပြုသောသူကား မည်သူနည်း။ ထိုသူကား အဦးဆုံးသောသူဖြစ်၍ နောက်ဆုံးသောသူတို့နှင့်အတူရှိသော ငါထာဝရဘုရားပင်တည်း။
ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။
ဘေဘီလုံဘုရင်သည် လမ်းနှစ်လမ်းဆုံရာ လမ်းခွ၌ရပ်၍ ဗေဒင်တွက်၏။ သူသည် မြားတို့ကို ခလောက်၍မဲချ၏။ ရုပ်တုများကို မေးမြန်း၏။ အသည်းဗေဒင်ကို ဖတ်၏။
တန်ခိုးကြီးသောလက်တော်ဖြင့် လူမျိုးတော်ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့သောအကျွန်ုပ်တို့၏အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့သည် ယနေ့တိုင် အပြစ်ပြုလျက်၊ ဆိုးယုတ်လျက်သာ ရှိပါ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကောင်းချီးပေးရန် အလိုတော်ရှိကြောင်း ဗာလမ်သိမြင်သောအခါ ယခင်ကဲ့သို့ မှော်အတတ်ကိုမသုံးတော့ဘဲ တောကန္တာရဘက်သို့လှည့်၍
သို့သော် ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူသဖြင့်“မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောနိုင်ငံတိုင်းသည် လုံးလုံးပျက်စီးသွားမည်။ မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောမြို့၊ သို့မဟုတ် အိမ်ထောင်စုတိုင်းသည်လည်း တည်မြဲမည်မဟုတ်။
ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် သင်တို့၏သားများသည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကိုတရားစီရင်သူများဖြစ်ကြလိမ့်မည်။
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်အဖွဲ့ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
ထိုအခါ စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်သွား၍ ဗာနဗနှင့်ပေါလုတို့က မိမိတို့အားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအကြောင်း ပြောပြကြသည်ကို နားထောင်လျက်နေကြ၏။
“ဤသူတို့ကို မည်သို့ပြုကြမည်နည်း။ အကြောင်းမူကား သူတို့အားဖြင့် သိသာထင်ရှားသောနိမိတ်လက္ခဏာဖြစ်ပျက်ခဲ့သည်ကို ဂျေရုဆလင်မြို့၌နေထိုင်သူအားလုံးသိရှိကြသည်ဖြစ်၍ ငါတို့ငြင်းဆို၍မရနိုင်။
တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာများကို လူတို့အလယ်တွင်ပြုကြ၏။ သူတို့အားလုံးသည် ရှောလမုန်မုခ်ဆောင်၌ တစ်စုတစ်ဝေးတည်းနေကြ၏။
သခင်ဘုရားကိုယုံကြည်သူ အမျိုးသား၊ အမျိုးသမီးအမြောက်အမြားတို့သည်လည်း ပို၍တိုးပွားလာကြ၏။
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
‘အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏ကြီးမြတ်ခြင်း၊ ကိုယ်တော်၏အားကြီးသောလက်တော်ကို ကိုယ်တော်၏အစေအပါးအား စတင်ဖော်ပြတော်မူပြီ။ အစွမ်းတန်ခိုးကြီးသည့်အမှုကိုကိုယ်တော်ပြုတော်မူသကဲ့သို့ ကောင်းကင်နှင့်မြေကြီးပေါ်၌ အဘယ်မည်သောဘုရား ပြုနိုင်ပါသနည်း။
အစ္စရေးအမျိုးသားတို့ ဓားဖြင့်ကွပ်မျက်ခဲ့သောသူတို့တွင် ဗောရ၏သား ဂမ္ဘီရအတတ်ပညာရှင်ဗာလမ်လည်း ပါ၏။
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။