အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
တောလည် 23:22 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် နွားရိုင်း၏ခွန်အားကဲ့သို့ သူတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ Common Language Bible ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။ Garrad Bible အိ ဂျစ် ပြည် မှ ဘု ရား သ ခင် ထုတ် ဆောင် တော် မူ ခဲ့ သော ဤ လူ မျိုး သည် စိုင် နှင့် အ မျှ ဗ လ ပြည့် စုံ ၏။ Judson Bible ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အားကြီးသကဲ့သို့ အားကြီး၏။ |
အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ အံ့ဩဖွယ်ဖြစ်တော်မူ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် လူမျိုးတော်အား အစွမ်းသတ္တိနှင့်ခွန်အားများကိုပေးတော်မူ၏။ ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းဦးချိုကဲ့သို့ချီးမြှောက်၍ သန့်စင်ကောင်းမွန်သောဆီဖြင့် အကျွန်ုပ်ကို ဘိသိက်ပေးတော်မူ၏။
နှစ်ပေါင်းလေးရာ့သုံးဆယ်ပြည့်သောနေ့၌ပင် ထာဝရဘုရား၏လူစုအပေါင်းတို့သည် အီဂျစ်ပြည်မှထွက်လာခဲ့ကြ၏။
ဤနေ့၌ပင် ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ အဖွဲ့လိုက် ထုတ်ဆောင်တော်မူ၏။
ထိုသို့ ငါသည် ဖာရောမင်းကြီးနှင့် သူ၏စစ်ရထား၊ သူ၏မြင်းစီးသူရဲတို့အားဖြင့် ဘုန်းထင်ရှားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
အကယ်စင်စစ် သင့်အား ငါ၏တန်ခိုးကိုပြသရန်နှင့် မြေတစ်ပြင်လုံး၌ ငါ၏နာမကို ကြေညာရန် ငါသည် သင့်ကို တည်နေစေခြင်းဖြစ်၏။
နွားရိုင်းတို့သည် ပြည်သားတို့နှင့်အတူ၊ နွားထီးပျိုတို့သည် နွားလားတို့နှင့်အတူ လဲကျကြလိမ့်မည်။ သူတို့၏မြေသည် သွေးနှင့်ဝ၍ သူတို့၏မြေမှုန့်သည် အဆီနှင့်အီလိမ့်မည်။
ဗာလက်မင်းကြီးသည် ယူဖရေးတီးမြစ်အနီး မိမိအမျိုးသားချင်းတို့၏ပြည်ရှိ ပေသော်မြို့နေ ဗောရ၏သားဗာလမ်ကို ခေါ်ရန် စေတမန်တို့ကိုစေလွှတ်လျက် “လူမျိုးတစ်မျိုးသည် အီဂျစ်ပြည်မှထွက်လာ၍ မြေမျက်နှာတစ်ပြင်လုံးပျံ့နှံ့နေပြီ။ အကျွန်ုပ်အနား၌လည်း နေထိုင်ကြပြီ။
ဘုရားသခင်သည် နွားရိုင်း၏ခွန်အားကဲ့သို့ သူ့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ သူသည် သူ့အား ရန်ဖက်ပြုသောလူမျိုးတို့ကို ဝါးမျို၍ သူတို့၏အရိုးကို ချိုးလိမ့်မည်။ မြားဖြင့် ချေမှုန်းလိမ့်မည်။
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။
အီဂျစ်ပြည်မှ သင်တို့ထွက်လာသောအခါ သင်တို့ရှေ့၌ခံနေသောပင်လယ်နီကို ထာဝရဘုရား မည်သို့ခန်းခြောက်စေတော်မူခဲ့ကြောင်း၊ ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ရှိဟုန်နှင့်ဩဃတို့ကို သင်တို့မည်သို့ချေမှုန်းခဲ့ကြောင်း ကျွန်မတို့ ကြားသိရပါပြီ။