ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
တောလည် 23:20 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းချီးပေးမည့်အကြောင်း အမိန့်တော်ကို ငါခံရပြီ။ ကိုယ်တော်သည် ကောင်းချီးပေးတော်မူသည်ဖြစ်၍ ထိုကောင်းချီးကို ငါမပြောင်းလဲနိုင်။ Common Language Bible ကောင်းချီးပေးရန်ငါ့အားစေခိုင်းတော်မူပြီ။ ဘုရားသခင်ပေးတော်မူသောကောင်းချီးကို ငါသည်မရုတ်သိမ်းနိုင်။ Garrad Bible မင်္ဂ လာ ပေး စေ ဟု နာ ခံ ရ သော ငါ သည် ကိုယ် တော် ပေး သော မင်္ဂ လာ ကို မ ဖျက် နိုင်။ Judson Bible ကောင်းချီးပေးရမည်အကြောင်း၊ အမိန့်တော်ကိုငါခံရပြီ။ ဘုရားသခင် ကောင်းချီးပေးတော်မူပြီ။ ထိုကောင်းချီးကို ငါမဖျက်နိုင်။ |
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
ထိုအခါ ဣဇက်သည် အလွန်ထိတ်လန့်တုန်လှုပ်လျက် “သို့ဖြစ်လျှင် တောကောင်လိုက်ဖမ်း၍ ငါ့ထံသို့ယူလာခဲ့သောသူသည် မည်သူနည်း။ သင်ရောက်မလာမီ ငါသည် အကုန်စားပြီး သူ့ကိုကောင်းချီးပေးလေပြီ။ အကယ်စင်စစ် သူသည် ကောင်းချီးမင်္ဂလာကိုခံရလိမ့်မည်”ဟု ဆို၏။
ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေမည့်အကြောင်း အလိုတော်ရှိ၍ ကောင်းချီးပေးတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ကောင်းချီးပေးတော်မူသဖြင့် အစဉ်အမြဲကောင်းချီးခံစားရပါလိမ့်မည်”ဟု တောင်းလျှောက်လေ၏။
ရှေးကာလမှစ၍ ငါသည် ဘုရားသခင်ဖြစ်၏။ ငါ့လက်မှ ကယ်တင်နိုင်သောသူ တစ်ယောက်မျှမရှိ။ ငါပြုသောအမှုကို မည်သူပြောင်းပြန်ဖြစ်စေနိုင်မည်နည်း”ဟု မိန့်တော်မူ၏။
ဘုရားသခင်က ဗာလမ်အား “သင်သည် သူတို့နှင့်အတူ လိုက်မသွားရ။ ထိုလူမျိုးသည် ကောင်းချီးမင်္ဂလာခံရသောလူမျိုးဖြစ်၍ ထိုလူမျိုးကို မကျိန်ဆဲရ”ဟု မိန့်တော်မူ၏။
သို့သော် ဗာလမ်က ဗာလက်မင်းကြီး၏အစေအပါးတို့အား “ဗာလက်မင်းကြီးသည် ရွှေငွေနှင့်ပြည့်သော သူ၏နန်းတော်ကို ငါ့အားပေးလျှင်လည်း ငါသည် ငါ၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုလွန်ဆန်၍ ငယ်သောအမှုကိုဖြစ်စေ၊ ကြီးသောအမှုကိုဖြစ်စေ ငါမပြုဝံ့။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ယခု သင့်ထံသို့ငါရောက်လာပြီ။ သို့သော် ငါသည် တစ်စုံတစ်ရာ ပြောခွင့်ရှိသလော။ ငါ့နှုတ်၌ ဘုရားသခင်သွင်းပေးသည့်စကားကိုသာ ငါပြောရမည်”ဟု ပြန်ပြောလေ၏။
ဤသို့ဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့အပေါ် ငါ၏နာမတော်ကိုတည်စေ၍ ငါသည် သူတို့ကိုကောင်းချီးပေးမည်”ဟု မိန့်တော်မူ၏။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။