ဗာလက်မင်းကြီးသည်လည်း ဗာလမ်ပြောသည့်အတိုင်း ပြု၍ သူတို့သည် ယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်ကို ပူဇော်ကြ၏။
ဗာလမ်စေခိုင်းသည့်အတိုင်းဗာလက်သည် ဆောင်ရွက်၍ သူတို့နှစ်ဦးသည်ယဇ်ပလ္လင်တစ်ခု စီပေါ်တွင်နွားတစ်ကောင်နှင့်သိုးတစ်ကောင် ကိုယဇ်ပူဇော်ကြလေသည်။-
ဗာ လက် မင်း လိုက် နာ၍ နှစ် ဦး လုံး ပင် ပ လ္လင် တိုင်း ပေါ် တွင် နွား သိုး တစ် ကောင် စီ ကို ဆက် ကပ် ကြ ၏။
ဗာလက်မင်းသည်ပြုပြီးလျှင်၊ ထိုသူနှစ်ပါးတို့သည် ယဇ်ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်ကြ၏။
ပွဲတော်ခုနစ်ရက်ပတ်လုံး ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ခုနစ်ရက်ပတ်လုံး နေ့တိုင်းစီစဉ်ပေးရမည်။ အပြစ်ဖြေရာယဇ်အဖြစ်လည်း ဆိတ်ထီးကလေးတစ်ကောင်ကို နေ့တိုင်းစီစဉ်ပေးရမည်။
ထိုအခါ ဗာလမ်က ဗာလက်မင်းကြီးအား “ဤအရပ်၌ ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်၍ နွားထီးခုနစ်ကောင်နှင့်သိုးထီးခုနစ်ကောင်ကိုလည်း ပြင်ဆင်လော့”ဟု ဆို၏။
ထို့နောက် သူသည် ဗာလမ်ကို ပိသဂါတောင်ထိပ်ရှိ ဇောဖိမ်ကွင်းပြင်သို့ ခေါ်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီး ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ဤနေရာ၌ ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်ကိုလည်း ပြင်ဆင်လော့”ဟု ဆို၏။
ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၌ သင်ရပ်နေလော့။ ငါတစ်နေရာသို့သွားမည်။ ထာဝရဘုရားသည် ငါနှင့်လာတွေ့ကောင်းလာတွေ့တော်မူမည်။ ငါ့အား ထာဝရဘုရားဖော်ပြသော မည်သည့်အရာမဆို သင့်အား ငါကြားပြောမည်”ဟု ဆိုပြီးနောက် တောင်ကုန်းပေါ်သို့ တက်သွားရာ
ဗာလက်မင်းကြီးသည် ဗာလမ်ပြောသည့်အတိုင်းပြု၍ ယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။