ဗာလမ်သည် ဗာလက်မင်းကြီးထံသို့ပြန်ရောက်သောအခါ ဗာလက်မင်းကြီးက မောဘလူမျိုးအကြီးအကဲများနှင့်အတူ မီးရှို့ရာယဇ်နား၌ ရပ်နေသည်ကို တွေ့ရ၏။ ဗာလက်မင်းကြီးက ဗာလမ်အား “ထာဝရဘုရားမည်သို့မိန့်တော်မူသနည်း”ဟု မေး၏။
တောလည် 23:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဗာလမ်က ပရောဖက်ပြုလျက် “ဗာလက်မင်းကြီး၊ ထလော့။ နားထောင်လော့။ ဇိဖော်သား၊ ငါ့စကားကို စူးစိုက်နားထောင်လော့။ Common Language Bible ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။ Garrad Bible ဗာ လမ် က ဗျာ ဖွဲ့ ဆို သည် မှာ၊ အို ဇိ ဖော့် သား ဗာ လက် မင်း၊ စိတ် စော၍ ငါ့ စ ကား ကို နာ ခံ နား ထောင် ပါ လော့။ Judson Bible ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအားဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖော်သား ဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။ |
ဗာလမ်သည် ဗာလက်မင်းကြီးထံသို့ပြန်ရောက်သောအခါ ဗာလက်မင်းကြီးက မောဘလူမျိုးအကြီးအကဲများနှင့်အတူ မီးရှို့ရာယဇ်နား၌ ရပ်နေသည်ကို တွေ့ရ၏။ ဗာလက်မင်းကြီးက ဗာလမ်အား “ထာဝရဘုရားမည်သို့မိန့်တော်မူသနည်း”ဟု မေး၏။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ထို့နောက် လေသာနန်းဆောင်ထဲတွင် ဧဂလုန်မင်းကြီးတစ်ယောက်တည်းထိုင်နေစဉ် ဧဟုဒသည် သူ့ထံသို့ချဉ်းကပ်၍ “ဘုရားသခင်၏အမိန့်တော်ကို ဆင့်ဆိုရန်ရှိပါသည်”ဟု ဆိုသဖြင့် ဧဂလုန်မင်းကြီးသည် ထိုင်ရာမှ ထလိုက်သောအခါ