ဗာလမ်ကလည်း သူတို့အား “ဤနေရာတွင် ညအိပ်နားကြဦးလော့။ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင်တို့အား ငါပြန်ပြောမည်”ဟု ဆိုလေ၏။ သို့ဖြစ်၍ မောဘလူမျိုးတို့၏အကြီးအကဲတို့သည် ဗာလမ်ထံ၌နေကြ၏။
တောလည် 23:15 - မြန်မာ့စံမီသမ္မာကျမ်း ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၊ ဤနေရာ၌ သင်ရပ်နေလော့။ ငါသည် ထိုနေရာသို့သွား၍ ထာဝရဘုရားနှင့်တွေ့ဆုံမည်”ဟု ဆို၏။ Common Language Bible ဗာလမ်ကဗာလက်ဘုရင်အား``သင်သည်မီးရှို့ ရာယဇ်နားတွင်ရပ်နေလော့။ ငါသည်သွား၍ ဘုရားသခင်နှင့်တွေ့ဆုံမည်'' ဟုဆို၏။ Garrad Bible ဗာ လမ် က လည်း ကိုယ့် မီး ရှို့ ရာ သ က္ကာ အ နီး ဤ တွင် ရပ် နေ ပါ ဦး လော့။ ထာ ဝ ရ ဘု ရား ကို တွေ့ ဆုံ ရန် သွား ပါ ရ စေ ဟု ခွင့် ပန် ပြီး နောက်၊ Judson Bible ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်လော့။ ငါသည် ထာဝရဘုရားကို ခရီးဦးကြိုပြုခြင်းငှာ အခြားတစ်ပါးသို့သွားပါမည်ဟု ဗာလက်မင်းအား ဆို၏။ |
ဗာလမ်ကလည်း သူတို့အား “ဤနေရာတွင် ညအိပ်နားကြဦးလော့။ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင်တို့အား ငါပြန်ပြောမည်”ဟု ဆိုလေ၏။ သို့ဖြစ်၍ မောဘလူမျိုးတို့၏အကြီးအကဲတို့သည် ဗာလမ်ထံ၌နေကြ၏။
ထို့နောက် သူသည် ဗာလမ်ကို ပိသဂါတောင်ထိပ်ရှိ ဇောဖိမ်ကွင်းပြင်သို့ ခေါ်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီး ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။
ထာဝရဘုရားသည် ဗာလမ်နှင့်တွေ့၍ ဗာလမ်၏နှုတ်၌စကားကိုသွင်းပေးတော်မူပြီး “ဗာလက်မင်းကြီးထံသို့ ပြန်သွား၍ ဤစကားကိုပြောလော့”ဟု မိန့်တော်မူ၏။
ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၌ သင်ရပ်နေလော့။ ငါတစ်နေရာသို့သွားမည်။ ထာဝရဘုရားသည် ငါနှင့်လာတွေ့ကောင်းလာတွေ့တော်မူမည်။ ငါ့အား ထာဝရဘုရားဖော်ပြသော မည်သည့်အရာမဆို သင့်အား ငါကြားပြောမည်”ဟု ဆိုပြီးနောက် တောင်ကုန်းပေါ်သို့ တက်သွားရာ
သို့ရာတွင် ငါသည် ဗာလမ်၏စကားကိုနားမထောင်။ သို့ဖြစ်၍ သူသည် သင်တို့ကို မကျိန်ဆဲဘဲ အကြိမ်ကြိမ်ကောင်းချီးပေးရ၏။ ငါသည် သင်တို့ကို သူ၏လက်မှကယ်နုတ်ခဲ့၏။