ဆီးရီးယားဘုရင်၏အမှုထမ်းတို့က ရှင်ဘုရင်အား “သူတို့၏ဘုရားအများသည် တောင်ကိုပိုင်သောဘုရားဖြစ်သောကြောင့် အကျွန်ုပ်တို့ကိုနိုင်၏။ အကယ်၍ လွင်ပြင်၌တိုက်ကြမည်ဆိုလျှင် သူတို့ကို အကျွန်ုပ်တို့ အမှန်နိုင်လိမ့်မည်။
တောလည် 23:13 - မြန်မာ့စံမီသမ္မာကျမ်း ဗာလက်မင်းကြီးကလည်း ဗာလမ်အား “အစ္စရေးလူမျိုးအားလုံးကိုမမြင်ရသော်လည်း သူတို့၏တပ်စခန်းအစွန်အဖျားကိုသာမြင်နိုင်သည့် အခြားတစ်နေရာသို့ ငါနှင့်အတူလိုက်ခဲ့ပါလော့။ ငါ့အတွက် သူတို့ကို ထိုနေရာမှ ကျိန်ဆဲပါလော့”ဟု ဆိုလေ၏။ Common Language Bible ထိုနောက်ဗာလက်ဘုရင်ကဗာလမ်အား``ဣသရေလ အမျိုးသားအချို့ကိုသာ မြင်နိုင်သောနေရာသို့ လိုက်ခဲ့ပါ။ ထိုအရပ်မှနေ၍သူတို့ကို ကျိန်ဆဲ ပါလော့'' ဟုဆိုလေ၏။- Garrad Bible ဗာ လက် မင်း က၊ ထို လူ မျိုး အား လုံး မ ဟုတ်၊ တပ် စွန် တပ် ဖျား ကို သာ မြင် နိုင် သော အ ရပ် တစ် ပါး သို့ ကျွန်ုပ် နှင့် လိုက်၍ အ မင်္ဂ လာ ပေး ပါ လော့ ဟု ဆို လျက်၊ Judson Bible ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို တစ်ပြိုင်နက်မမြင်ရဘဲ တစ်ပိုင်းကိုမျှသာကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူလိုက်ပါလော့။ ထိုအရပ်၌ သူတို့ကို ငါ့အဖို့ ကျိန်ဆဲပါဟုဆိုလျက်၊ |
ဆီးရီးယားဘုရင်၏အမှုထမ်းတို့က ရှင်ဘုရင်အား “သူတို့၏ဘုရားအများသည် တောင်ကိုပိုင်သောဘုရားဖြစ်သောကြောင့် အကျွန်ုပ်တို့ကိုနိုင်၏။ အကယ်၍ လွင်ပြင်၌တိုက်ကြမည်ဆိုလျှင် သူတို့ကို အကျွန်ုပ်တို့ အမှန်နိုင်လိမ့်မည်။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်ဖြစ်၍ သူ့အပေါ်ကျရောက်ပါစေ။ ကောင်းချီးမင်္ဂလာကို အလိုမရှိသည်ဖြစ်၍ သူနှင့်ဝေးကွာပါစေ။
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
နောက်တစ်နေ့နံနက်တွင် ဗာလက်မင်းကြီးသည် ဗာလမ်ကိုခေါ်၍ ဗာမုတ်ဗာလကုန်းမြင့်ပေါ်သို့တက်သွားကြ၏။ ထိုနေရာမှ အစ္စရေးလူမျိုးတို့၏တပ်စခန်းအစွန်အဖျားကို တွေ့မြင်ရ၏။
ဤလူမျိုးသည် အကျွန်ုပ်ထက်အင်အားကြီးသောကြောင့် ယခုလာ၍ အကျွန်ုပ်အတွက် သူတို့ကို ကျိန်ဆဲပါလော့။ အကျွန်ုပ်သည် သူတို့ကိုတိုက်ခိုက်၍ ဤပြည်ထဲမှ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့်မည်။ သင်ကောင်းချီးပေးသောသူသည် ကောင်းချီးခံစားရ၍ သင်ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းခံရသည်ကို အကျွန်ုပ်သိ၏”ဟု ဆင့်ဆိုစေ၏။
ဗာလမ်ကလည်း “ငါ၏နှုတ်၌ ထာဝရဘုရားသွင်းပေးတော်မူသောစကားကိုသာပြောရန် ငါသတိပြုရမည်မဟုတ်လော”ဟု ဆိုလျက် ပြန်ဖြေလေ၏။
ထို့နောက် သူသည် ဗာလမ်ကို ပိသဂါတောင်ထိပ်ရှိ ဇောဖိမ်ကွင်းပြင်သို့ ခေါ်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီး ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။
ထို့နောက် ဇိဖော်၏သား၊ မောဘဘုရင်ဗာလက်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ထ၍တိုက်ခိုက်၏။ သူသည် ဗောရ၏သားဗာလမ်ကို လူလွှတ်ခေါ်၍ သင်တို့အား ကျိန်ဆဲစေ၏။