အကြောင်းမူကား ချီးမြှောက်ခြင်းသည် အရှေ့အရပ်၊ အနောက်အရပ်၊ သို့မဟုတ် တောကန္တာရအရပ်မှလာသည်မဟုတ်။
တောလည် 22:37 - မြန်မာ့စံမီသမ္မာကျမ်း ဗာလက်မင်းကြီးက ဗာလမ်အား “အကျွန်ုပ်သည် သင့်ထံသို့ လူအထပ်ထပ်စေလွှတ်၍ ခေါ်စေသည်မဟုတ်လော။ အဘယ်ကြောင့် သင်မလာသနည်း။ အကျွန်ုပ်သည် သင့်ကို ဂုဏ်မပြုနိုင်သလော”ဟု ဆို၏။ Common Language Bible ဗာလက်ကဗာလမ်အား``အကျွန်ုပ်ပထမ အကြိမ်ကိုယ်တော်ကိုခေါ်ရန်စေလွှတ်စဉ်က အဘယ်ကြောင့်လိုက်၍မလာပါသနည်း။ ကိုယ်တော်အားထိုက်တန်စွာမချီးမြှင့်နိုင် ဟုယူဆပါသလော'' ဟုဆီး၍မေးလေ သည်။ Garrad Bible ကိုယ် တော် ကို ခေါ် ပင့် ရန် ကျွန်ုပ် စေ လွှတ် ခဲ့ သည် မ ဟုတ် ပါ လော။ မ ကြွ လာ ခြင်း ကား အ သို့ နည်း။ ကျွန်ုပ် သည် ဂုဏ် မ တင် နိုင် ပါ သ လော ဟု မေး ရာ၊ Judson Bible ဗာလက်မင်းကလည်း၊ ကိုယ်တော်ကိုခေါ်ပင့်စေခြင်းငှာ ငါသည် အထပ်ထပ်စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည် မဟုတ်လောဟု ဗာလမ်အားဆိုလျှင်၊ |
အကြောင်းမူကား ချီးမြှောက်ခြင်းသည် အရှေ့အရပ်၊ အနောက်အရပ်၊ သို့မဟုတ် တောကန္တာရအရပ်မှလာသည်မဟုတ်။
ဗာလက်မင်းကြီးသည် ဗာလမ်လာကြောင်းကြားသောအခါ မိမိနယ်မြေအစွန်အဖျား၊ အာနုန်ချောင်းအနီးရှိ မောဘပြည်၏မြို့တစ်မြို့၌ သူနှင့်တွေ့ဆုံရန် ထွက်လာ၏။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ယခု သင့်ထံသို့ငါရောက်လာပြီ။ သို့သော် ငါသည် တစ်စုံတစ်ရာ ပြောခွင့်ရှိသလော။ ငါ့နှုတ်၌ ဘုရားသခင်သွင်းပေးသည့်စကားကိုသာ ငါပြောရမည်”ဟု ပြန်ပြောလေ၏။
ယခု သင့်နေရပ်သို့ ပြန်ပြေးလော့။ သင့်ကို ဂုဏ်ပြုချီးမြှောက်မည်ဟု ဆိုခဲ့သော်လည်း ထိုဘုန်းအသရေကို သင်မရရှိစေရန် ထာဝရဘုရား တားဆီးလေပြီ”ဟု ဆို၏။
“ဤအခွင့်အာဏာရှိသမျှနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကို သင့်အား ငါပေးမည်။ အကြောင်းမူကား ဤအရာကို ငါ့ထံ အပ်နှင်းထားပြီးဖြစ်၍ ၎င်းကို ငါပေးလိုသောသူအား ငါပေး၏။
အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူကြပြီး တစ်ဆူတည်းသောဘုရားသခင်ပေးသော ဘုန်းအသရေကိုမလိုလားသော သင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။