သို့သော် မိက္ခာယက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ငါ၏ဘုရားသခင် မိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
တောလည် 22:35 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း ဗာလမ်အား “ဤလူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါပြောသောစကားအတိုင်းသာ သင်ပြန်ပြောရမည်”ဟု ဆို၏။ သို့ဖြစ်၍ ဗာလမ်သည် ဗာလက်မင်းကြီး၏မှူးမတ်တို့နှင့်အတူ လိုက်သွားလေ၏။ Common Language Bible ကောင်းကင်တမန်ကလည်း``ဤသူတို့နှင့် အတူလိုက်သွားလော့။ သို့ရာတွင်ငါပြော စေလိုသည့်အတိုင်းသာပြောဆိုရမည်'' ဟုဆို၏။ သို့ဖြစ်၍ဗာလမ်သည်သူတို့နှင့် အတူလိုက်ပါသွားလေ၏။ Garrad Bible ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က၊ သူ တို့ နှင့် အ တူ လိုက် သွား လော့။ သို့ ရာ တွင် ငါ ပေး မည့် ဗျာ ဒိတ် ချက် ကို သာ ဆင့် ဆို ရ မည် ဟု ခွင့် ပြု တော် မူ သည့် အ တိုင်း ဗာ လက် မင်း၏ မှူး မတ် တို့ နှင့် အ တူ ဗာ လမ် လိုက် သွား လေ၏။ Judson Bible ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သူတို့နှင့်အတူ လိုက်လော့။ သို့ရာတွင် ငါမှာထားသောစကားကိုသာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော်မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။ |
သို့သော် မိက္ခာယက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ငါ၏ဘုရားသခင် မိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
သို့ဖြစ်၍ သူတို့သည် မိမိတို့၏အကျင့်အကြံအတိုင်း လျှောက်လှမ်းကြစေရန် သူတို့နှလုံးသား၏မာကျောမှုလက်သို့ ငါအပ်လိုက်၏။
အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
ဗာလက်မင်းကြီးသည် ဗာလမ်လာကြောင်းကြားသောအခါ မိမိနယ်မြေအစွန်အဖျား၊ အာနုန်ချောင်းအနီးရှိ မောဘပြည်၏မြို့တစ်မြို့၌ သူနှင့်တွေ့ဆုံရန် ထွက်လာ၏။
သို့ရာတွင် ငါသည် ဗာလမ်၏စကားကိုနားမထောင်။ သို့ဖြစ်၍ သူသည် သင်တို့ကို မကျိန်ဆဲဘဲ အကြိမ်ကြိမ်ကောင်းချီးပေးရ၏။ ငါသည် သင်တို့ကို သူ၏လက်မှကယ်နုတ်ခဲ့၏။