အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 21:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“​အကျွန်ုပ်​တို့​ကို အရှင်မင်းကြီး​၏​ပြည်​ထဲမှ ဖြတ်သွား​ခွင့်​ပြု​တော်မူ​ပါ​။ လယ်ယာ​နှင့်​စပျစ်ခြံ​တို့​ထဲမှ ဖြတ်​မ​သွား​ပါ​။ ရေတွင်း​ထဲမှ​ရေ​ကို​လည်း မ​သောက်​ပါ​။ အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​နယ်မြေ​ကို​ကျော်လွန်​သည်​အထိ ရှင်ဘုရင်​လမ်းမ​အတိုင်း​သာ​သွား​ပါ​မည်​”​ဟု လျှောက်​စေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

``အ​ကျွန်ုပ်​တို့​အား​မင်း​ကြီး​၏​ပြည်​ကို​ဖြတ် သွား​ခွင့်​ပြု​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​သည် လမ်း​မ​ကြီး​အ​တိုင်း သွား​ပါ​မည်။ မင်း​ကြီး​၏​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​ကျော်​သွား​မည် မ​ဟုတ်​ပါ။ မင်း​ကြီး​၏​ရေ​တွင်း​များ​မှ​ရေ​ကို လည်း​မ​သောက်​ပါ။ အ​ကျွန်ုပ်​တို့​သည်​မင်း​ကြီး ၏​နယ်​မြေ​မှ​ထွက်​သည်​အ​ထိ လမ်း​မ​ကြီး အ​တိုင်း​ဖြတ်​သွား​ပါ​မည်'' ဟူ​၍​အ​ခွင့် တောင်း​စေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကျွန် တော် တို့ သည် လယ် ခြံ များ သို့ မ လွှဲ။ တွင်း ရေ ကို လည်း မ သောက်။ ပြည် နယ် မ လွန် မ ချင်း လမ်း မ တော် ဖြင့် သာ လျှောက် သွား ကြ ပါ မည် ဟု ခွင့် ပန် သော် လည်း၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကျွန်ုပ်​တို့​သည် မင်း​ကြီး​ပြည်​အ​လယ်၌ လျှောက်၍​သွား​ပါ​ရ​စေ။ လယ်​ယာ​သို့​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်​သို့​လည်း​ကောင်း မ​ဝင်​ပါ။ တွင်း​ရေ​ကို​လည်း မ​သောက်​ပါ။ မင်း​ကြီး ပြည်​ကို​မ​လွန်​မီ​တိုင်​အောင်၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်​ဟု အ​ခွင့်​တောင်း​ကြ၏။

အခန်းကိုကြည့်ပါ။



တော​လည် 21:22
2 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ထံ အော်ဟစ်​သောအခါ အကျွန်ုပ်​တို့​၏​အသံ​ကို ကြား​တော်မူ​၍ ကောင်းကင်တမန်​ကို စေလွှတ်​ပြီး အကျွန်ုပ်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​ပါ​၏​။ ယခု အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​နယ်မြေ​အစွန်အဖျား​မြို့​ဖြစ်​သော ကာဒေရှ​မြို့​သို့​ရောက်​နေ​ပါ​ပြီ​။


အကျွန်ုပ်​တို့​ကို အရှင်မင်းကြီး​၏​ပြည်​ထဲမှ ဖြတ်သွား​ခွင့်​ပြု​တော်မူ​ပါ​။ လယ်ယာ​နှင့်​စပျစ်ခြံ​တို့​ထဲမှ ဖြတ်​မ​သွား​ပါ​။ ရေတွင်း​ထဲမှ​ရေ​ကို​လည်း မ​သောက်​ပါ​။ အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​နယ်မြေ​ကို​ကျော်လွန်​သည်​အထိ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ ရှင်ဘုရင်​လမ်းမ​အတိုင်း​သွား​ပါ​မည်​”​ဟု လျှောက်​စေ​၏​။