အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုတောင်ပေါ်၌သေ၍ မိမိလူမျိုးတို့စုစည်းရာသို့ ရောက်ရမည်”ဟု မိန့်တော်မူ၏။
တောလည် 20:27 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း နာခံလျက် လူထုအပေါင်းတို့၏မျက်မှောက်မှာပင် ဟောရတောင်ပေါ်သို့သူတို့တက်သွားကြ၏။ Common Language Bible ထာဝရဘုရားမိန့်မှာတော်မူသည်အတိုင်း မောရှေဆောင်ရွက်လေသည်။ ဣသရေလအမျိုး သားအပေါင်းတို့ရှေ့တွင် သူတို့သည်ဟောရ တောင်ပေါ်သို့တက်သွားကြ၏။- Garrad Bible မော ရှေ လိုက် နာ လျက် ပ ရိ သတ် အား လုံး မျက် မှောက် ဟော ရ တောင် ပေါ် သို့ တက် သွား ကြ ပြီး မှ၊ Judson Bible မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့သည်ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ၏။ |
အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုတောင်ပေါ်၌သေ၍ မိမိလူမျိုးတို့စုစည်းရာသို့ ရောက်ရမည်”ဟု မိန့်တော်မူ၏။
မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သူ့သားဧလာဇာအားဝတ်ဆင်ပေးလေ၏။ အာရုန်သည် ထိုတောင်ထိပ်တွင် သေဆုံးလေ၏။ ထို့နောက် မောရှေနှင့်ဧလာဇာတို့သည် တောင်ပေါ်မှဆင်းလာကြ၏။
ထို့နောက် သူတို့သည် ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် ဟောရတောင်မှ ထွက်ခွာ၍ ပင်လယ်နီလမ်းအတိုင်း ခရီးပြုကြရာ လူတို့သည် လမ်းခရီး၌ စိတ်ပျက်အားလျော့ကြ၏။