ဗုက္ကိသည် အဘိရွှ၏သား၊ အဘိရွှသည် ဖိနဟတ်၏သား၊ ဖိနဟတ်သည် ဧလာဇာ၏သား၊ ဧလာဇာသည် ယဇ်ပုရောဟိတ်မင်းအာရုန်၏သား ဖြစ်၏။
တောလည် 20:25 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်နှင့်သူ၏သားဧလာဇာကိုခေါ်၍ ဟောရတောင်ပေါ်သို့ တက်သွားကြလော့။ Common Language Bible အာရုန်နှင့်သူ၏သားဧလာဇာကိုဟောရ တောင်ပေါ်သို့ခေါ်ဆောင်ခဲ့ပြီးလျှင်၊- Garrad Bible အာ ရုန် နှင့် သား ဧ လာ ဇာ တို့ ကို ဟော ရ တောင် ပေါ် သို့ ခေါ် သွား ပြီး လျှင်၊ Judson Bible သို့ဖြစ်၍ အာရုန်နှင့် သူ၏သားဧလာဇာကိုခေါ်၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊ |
ဗုက္ကိသည် အဘိရွှ၏သား၊ အဘိရွှသည် ဖိနဟတ်၏သား၊ ဖိနဟတ်သည် ဧလာဇာ၏သား၊ ဧလာဇာသည် ယဇ်ပုရောဟိတ်မင်းအာရုန်၏သား ဖြစ်၏။
ထို့နောက် မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာ၊ ဣသမာတို့အား “သင်တို့ မသေကြရမည့်အကြောင်း၊ ကိုယ်တော်သည် လူထုအပေါင်းတို့ကိုအမျက်ထွက်တော်မမူမည့်အကြောင်း သင်တို့၏ဆံပင်ကို ဖားလျားမချနှင့်၊ သင်တို့၏အဝတ်ကို မဆုတ်နှင့်။ သင်တို့၏အမျိုးသားချင်းများဖြစ်သော အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှို့တော်မူသောမီးအတွက် ငိုကြွေးရကြမည်။
နာဒပ်နှင့်အဘိဟုသည် သိနာတောကန္တာရတွင် ထာဝရဘုရားရှေ့တော်၌ မိန့်မှာထားတော်မူသောမီးမဟုတ်သည့် အခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။ သူတို့၌သားသမီးမရှိ။ သို့ဖြစ်၍ ဧလာဇာနှင့်ဣသမာသည် မိမိတို့ဖခင်အာရုန်၏ရှေ့၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြ၏။
(အစ္စရေးအမျိုးသားတို့သည် ဗေရုတ်ဗင်္ယာကန်အရပ်မှ မောသရုတ်အရပ်သို့ ခရီးပြုကြ၏။ အာရုန်သည် ထိုအရပ်၌သေဆုံးသဖြင့် ထိုအရပ်၌ပင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ့သားဧလာဇာသည် သူ့နေရာ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်၏။