သူတို့သည် မေရိဘစမ်းရေအနားတွင်လည်း အမျက်တော်ထွက်စေကြသဖြင့် မောရှေသည် သူတို့ကြောင့် ဒုက္ခရောက်ရ၏။
တောလည် 20:2 - မြန်မာ့စံမီသမ္မာကျမ်း ရေမရှိသဖြင့် လူထုတို့သည်စုရုံး၍ မောရှေနှင့်အာရုန်တို့ကို ဆန့်ကျင်ကြ၏။ Common Language Bible စခန်းချရာအရပ်တို့တွင်ရေမရှိသောကြောင့် သူတို့သည်မောရှေနှင့်အာရုန်တို့ထံသို့စုရုံး လာကြပြီးလျှင်၊- Garrad Bible မော ရှေ၊ အာ ရုန် တို့ နှင့် ဆန့် ကျင် ဘက် စု ရုံး ကြ ရာ၊ Judson Bible ပရိသတ်တို့ သောက်စရာရေမရှိသောကြောင့်၊ မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြလျက်၊ |
သူတို့သည် မေရိဘစမ်းရေအနားတွင်လည်း အမျက်တော်ထွက်စေကြသဖြင့် မောရှေသည် သူတို့ကြောင့် ဒုက္ခရောက်ရ၏။
“အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါကြားပြီ။ သူတို့အား ‘သင်တို့သည် နေဝင်ချိန်၌ အသားကိုစားရ၍ နံနက်အချိန်၌ မုန့်ဖြင့်ဝလင်ကြလိမ့်မည်။ ထိုအခါ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထိုတောကန္တာရထဲ၌ အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်တို့ထံသို့လာ၍
နံနက်အချိန်၌လည်း ထာဝရဘုရား၏ဘုန်းအသရေတော်ကို သင်တို့တွေ့မြင်ရကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားအား သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့ကား မည်သူဖြစ်၍ ငါတို့ကို ညည်းညူပြရသနည်း”ဟု ဆိုလေ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်၌ရှိသောလူတို့ကိုလည်း မကြောက်ကြပါနှင့်။ အကြောင်းမူကား သူတို့သည် ငါတို့အစာဖြစ်၏။ သူတို့၌ အကာအကွယ်ပေးမည့်သူမရှိ။ ငါတို့၌ ထာဝရဘုရားရှိ၏။ ထိုသူတို့ကို မကြောက်ကြနှင့်”ဟု ဆို၏။
ကောရသည် လူထုအပေါင်းတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် လူထုအပေါင်းတို့ရှေ့၌ထင်ရှား၍
ထိုသူတို့သည် စုရုံး၍ မောရှေနှင့်အာရုန်အား “သင်တို့ တရားလွန်နေပြီ။ လူထုအပေါင်းတို့သည် တစ်ယောက်မကျန် သန့်ရှင်းကြ၏။ ထာဝရဘုရားသည်လည်း သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရား၏လူအစုအဝေးအပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်ရသနည်း”ဟု ဆိုလေ၏။
ထိုသို့ လူထုပရိသတ်တို့သည်စုရုံး၍ မောရှေနှင့်အာရုန်ကိုဆန့်ကျင်စဉ် တွေ့ဆုံစည်းဝေးရာတဲတော်ဘက်သို့လှည့်ကြည့်ရာ မိုးတိမ်သည် တဲတော်ကိုဖုံးလွှမ်း၍ ထာဝရဘုရား၏ဘုန်းအသရေတော်ထင်ရှားသည်ကို မြင်ကြလေ၏။
လူတို့က “မုန့်မရှိ၊ ရေမရှိသော ဤတောကန္တာရတွင် သေစေရန် အဘယ်ကြောင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သနည်း။ အရသာပေါ့ရွှတ်သောအစားအစာကိုလည်း ငါတို့ငြီးငွေ့လှပြီ”ဟု ဘုရားသခင်နှင့်မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။