အဖုံးမဖုံးဘဲ ပွင့်နေသောအသုံးအဆောင်မှန်သမျှသည်လည်း မစင်မကြယ်ဖြစ်၏။
တဲတွင်း၌အဖုံးမရှိသောအိုးခွက်ရှိသမျှ တို့သည်လည်းညစ်ညမ်းလိမ့်မည်။-
မ ဖုံး မ စည်း ဘဲ ဖွင့် ထား သော အိုး တိုင်း ပါ မ သန့်။
မဖုံးဘဲဖွင့်ထားသော အိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။
ထိုအကောင်များထဲမှ တစ်ကောင်ကောင်သေ၍ အသေကောင်သည် အလုပ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည့် သစ်သား၊ ပိတ်စ၊ သားရေ၊ လျှော်တေဖြင့် ပြုလုပ်ထားသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာကို ရေထဲ၌ နှစ်ရမည်။ ထိုအရာသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
ထိုအသေကောင်သည် မြေဖြင့်ပြုလုပ်ထားသောအိုးခွက်တစ်စုံတစ်ခုထဲသို့ကျလျှင် ထိုအိုးခွက်ထဲရှိသမျှသည် မစင်ကြယ်။ ထိုအိုးခွက်ကို ခွဲပစ်ရမည်။
ယဇ်ပုရောဟိတ်သည် အိမ်ထဲရှိပစ္စည်းအားလုံးမစင်ကြယ်ဟု မကြေညာမိစေရန် သူသည် အနာကိုကြည့်ရှုစစ်ဆေးရန် အိမ်ထဲသို့မဝင်မီ အိမ်ကိုအလွတ်ထားရမည့်အကြောင်း မိန့်မှာရမည်။ ထို့နောက်မှ ယဇ်ပုရောဟိတ်သည် အိမ်ကိုကြည့်ရှုစစ်ဆေးရန် ဝင်ရမည်။
တဲထဲ၌သေသောသူနှင့်ဆိုင်သောတရားကား ဤသို့တည်း။ လူသေတဲထဲသို့ဝင်သောသူ၊ တဲထဲရှိသောသူ မည်သူမဆို ခုနစ်ရက်ပတ်လုံး မစင်မကြယ်ဖြစ်၏။
လယ်ယာ၌နေသောသူမည်သူမဆို ဓားဖြင့်အသတ်ခံရသောသူကိုဖြစ်စေ၊ အလိုလိုသေသောသူကိုဖြစ်စေ၊ လူသေအရိုးကိုဖြစ်စေ၊ သင်္ချိုင်းဂူကိုဖြစ်စေ ထိမိလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
သင်တို့၏အဝတ်နှင့် သားရေအသုံးအဆောင်ရှိသမျှ၊ ဆိတ်မွေးဖြင့်ပြုလုပ်ထားသောအရာနှင့် သစ်သားအသုံးအဆောင် ရှိသမျှတို့ကိုလည်း သန့်စင်စေရမည်”ဟု ဆိုလေ၏။