တစ်ဖန် အိမ်တော်ကိုထိန်းသိမ်းဖို့၊ အိမ်တော်အမှုကို ထမ်းဆောင်ဖို့နှင့် အိမ်တော်နှင့်ပတ်သက်၍ လုပ်ဆောင်စရာအမှုအလုံးစုံတို့ကို လုပ်ဆောင်ဖို့ သူတို့ကို ငါပြန်ခန့်ထားမည်’ဟု မိန့်တော်မူ၏။
တောလည် 18:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သင်နှင့်ပူးပေါင်းလျက် တဲတော်နှင့်ဆိုင်သောအလုပ်ရှိသမျှ၊ တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကို ဆောင်ရွက်ရမည်။ မဆိုင်သောသူကား သင်တို့ထံသို့ မချဉ်းကပ်ရ။ Common Language Bible သူတို့သည်သင်နှင့်အတူတဲတော်နှင့်ဆိုင် သောတာဝန်များကိုထမ်းဆောင်ရမည်။ လေဝိ အနွယ်ဝင်မှတစ်ပါးအခြားမည်သူမျှ သင်နှင့်အတူတဲတော်တာဝန်ကိုမဆောင် ရွက်စေရ။- Garrad Bible ထို သူ တို့ သည် သင့် ထံ ဆည်း ကပ် လျက် တွေ့ ဆုံ ရာ တဲ တော် ဝေ ယျာ ဝ စ္စ၊ ဝတ် ကြီး ဝတ် ငယ် ရှိ သ မျှ ကို ဆောင် ရွက် ကြ စေ။ မ ဆိုင် သူ ကား သင် တို့ ထံ မ ချဉ်း ရ။ Judson Bible သူတို့သည် သင်တို့နှင့်အတူကူညီ၍၊ ပရိသတ်စည်းဝေးရာ တဲတော်ကိုစောင့်လျက်၊ တဲတော်အမှုရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့အနီးသို့ မချဉ်းမကပ်ရ။ |
တစ်ဖန် အိမ်တော်ကိုထိန်းသိမ်းဖို့၊ အိမ်တော်အမှုကို ထမ်းဆောင်ဖို့နှင့် အိမ်တော်နှင့်ပတ်သက်၍ လုပ်ဆောင်စရာအမှုအလုံးစုံတို့ကို လုပ်ဆောင်ဖို့ သူတို့ကို ငါပြန်ခန့်ထားမည်’ဟု မိန့်တော်မူ၏။
ရွှေ့ပြောင်းသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းရမည်။ စခန်းချသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို စိုက်ထူရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
လေဝိအမျိုးတို့မူကား အစ္စရေးအမျိုးသားလူထုပေါ်သို့ အမျက်တော်မသက်ရောက်စေရန် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။ လေဝိအမျိုးသည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်ကို စောင့်ရှောက်ရမည်”ဟု မိန့်တော်မူ၏။
သူတို့သည် သင်နှင့်ဆိုင်သောအလုပ်၊ တဲတော်တစ်ခုလုံးနှင့်ဆိုင်သောအလုပ်တို့ကို ဆောင်ရွက်ရမည်။ သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့်ယဇ်ပလ္လင် အနီးသို့မလာရ။ လာမိလျှင် သင်နှင့်အတူ သူတို့ပါ သေကြရမည်။
သင်တို့သာလျှင် သန့်ရှင်းရာဌာန၏အမှုကိစ္စ၊ ယဇ်ပလ္လင်၏အမှုကိစ္စတို့ကို ဆောင်ရွက်ရမည်။ သို့မှ နောက်တစ်ဖန် အစ္စရေးအမျိုးသားတို့အပေါ်သို့ အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။
သင်သည် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ရမည်။ သူတို့သည် သူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့ရရှိသောတစ်ဝက်ထဲမှ လူနှင့် နွား၊ မြည်း၊ သိုး စသည့်တိရစ္ဆာန်အားလုံးတို့ကို အယောက်ငါးဆယ်လျှင် တစ်ယောက်ကျ၊ အကောင်ငါးဆယ်လျှင် တစ်ကောင်ကျ ယူ၍ ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်၏အမှုကို ဆောင်ရွက်သောလေဝိအမျိုးတို့အား ပေးရမည်”ဟု မိန့်တော်မူ၏။
တွေ့ဆုံစည်းဝေးရာတဲတော်ရှိမိမိညီအစ်ကိုတို့၏တာဝန်ကို ကူညီစောင့်ထိန်းပေးနိုင်သော်လည်း ကိုယ်တိုင်လုပ်စရာမလိုပေ။ ထိုသို့ လေဝိအမျိုးတို့အား သူတို့နှင့်ဆိုင်သောတာဝန်တို့ကို သင်စီရင်ပေးရမည်”ဟု မိန့်တော်မူ၏။
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ ကြည့်မိသောကြောင့် ကိုယ်တော်သည် မြို့သားအချို့တို့ကို ဒဏ်ခတ်တော်မူ၏။ လူငါးသောင်းခုနစ်ဆယ် ဒဏ်ခတ်ခံရလေ၏။ ထာဝရဘုရားသည် လူတို့ကို အမြောက်အမြားဒဏ်ခတ်တော်မူသောကြောင့် လူတို့ ငိုကြွေးမြည်တမ်းကြရလေ၏။