အလှူပစ္စည်းအဖြစ် ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် ဆယ်ဖို့တစ်ဖို့တို့ကို လေဝိအမျိုးတို့အား အမွေအဖြစ် ငါပေးပြီဖြစ်၍ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရဟု သူတို့အား ငါဆိုခြင်းဖြစ်သည်”ဟု မိန့်တော်မူ၏။
ငါ ထာ ဝ ရ ဘု ရား ထံ ဣ သ ရေ လ အ မျိုး သား တို့ မြှောက် ဆက် လှူ ဒါန်း ရ သော ဆယ် ဖို့ တစ် ဖို့ ကို လေ ဝိ အ နွယ် သား တို့ အား အ မွေ အ ဖြစ် ငါ အပ် ပြီး ဖြစ် သော ကြောင့် ဣ သ ရေ လ အ မျိုး သား တို့၌ အ မွေ မ ရှိ ကြောင်း ငါ စီ ရင် ပြီ ဟု မိန့် တော် မူ ၏။
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဖို့တစ်ဖို့ကို၊ လေဝိသားအမွေခံစရာဖို့ ငါပေးပြီ။ ထိုကြောင့် သူတို့သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။
လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ကိုလက်ခံသောအခါ အာရုန်အမျိုးအနွယ်ယဇ်ပုရောဟိတ်သည် လေဝိအမျိုးတို့နှင့်အတူရှိရမည်။ လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်၏အိမ်တော် သိုလှောင်တိုက်အခန်းများထဲသို့ ယူဆောင်လာရမည်။
ထိုအခါ ယုဒလူအပေါင်းတို့သည် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သိုလှောင်ခန်းသို့ယူဆောင်လာကြ၏။
မြေမှထွက်သော ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို ထာဝရဘုရားပိုင်၏။ ထာဝရဘုရားအဖို့ သန့်ရှင်း၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား
“လေဝိအမျိုးတို့အား ဆင့်ဆိုလော့။ သင်တို့၏အမွေအဖြစ် ငါပေးသော အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့ကို သင်တို့ခံယူသောအခါ ထိုဆယ်ဖို့တစ်ဖို့၏ဆယ်ဖို့တစ်ဖို့ကို အလှူပစ္စည်းအဖြစ် ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။
လေဝိအမျိုးတွင် တစ်လသားအရွယ်နှင့်အထက်ရှိ ယောက်ျားအားလုံးတို့၏အရေအတွက်မှာ နှစ်သောင်းသုံးထောင် ရှိ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရသဖြင့် သူတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
လေဝိအမျိုးသည် မိမိညီအစ်ကိုတို့နှင့်အတူ အမွေဝေစု မရကြ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်တော်မူ၏။)
သင်သည် ဆယ်ဖို့တစ်ဖို့နှစ်ဖြစ်သော တတိယနှစ်၌ သင့်သီးနှံ၏ဆယ်ဖို့တစ်ဖို့ရှိသမျှကိုဖယ်ထားပြီး လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေး၍ သင်၏မြို့များ၌ သူတို့သည် ဝလင်စွာစားရကြမည်။
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မပေး။ သူတို့အားထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်သည် သူတို့၏အမွေဖြစ်၏။