အာဟပ်မင်းကြီးသည် ဧလိယကို တွေ့သည်နှင့် အာဟပ်မင်းကြီးက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ သင်မဟုတ်လော”ဟု မေးလျှင်
တောလည် 16:41 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် အစ္စရေးအမျိုးသားလူထုအပေါင်းတို့က မောရှေနှင့်အာရုန်အား “သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီ”ဟု အပြစ်တင်ပြောဆိုကြ၏။ Common Language Bible နောက်တစ်နေ့တွင်ဣသရေလအမျိုးသား အပေါင်းတို့သည် မောရှေနှင့်အာရုန်တို့အား``သင် တို့သည်ထာဝရဘုရား၏လူမျိုးတော်ဝင် အချို့ကိုသတ်ပစ်ကြပြီ'' ဟုအပြစ်တင်ကြ လေသည်။- Garrad Bible နောက် နေ့၌ ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် က၊ သင် တို့ သည် ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ကို သေ စေ ကြ ပြီး ဟု ဆို လျက် မော ရှေ၊ အာ ရုန် တို့ ကို ဆန့် ကျင် ဘက် စု ရုံး၍ ညည်း ညူ ကြ ရာ တွေ့ ဆုံ ရာ တဲ တော် ကို မော် ကြည့် လျှင် တိမ် တိုက် တော် လွှမ်း မိုး၍ ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား သည် ကို မြင် ကြ ၏။ Judson Bible နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့်အာရုန်တို့ကို အပြစ်တင်၍ မြည်တမ်းကြ၏။ |
အာဟပ်မင်းကြီးသည် ဧလိယကို တွေ့သည်နှင့် အာဟပ်မင်းကြီးက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ သင်မဟုတ်လော”ဟု မေးလျှင်
သို့သော် သူတို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို အလျင်အမြန်မေ့လျော့ကြ၏။ ကိုယ်တော်၏အကြံဉာဏ်ကိုလည်း မစောင့်မျှော်ဘဲ
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
ငါတို့ကို ခါလဒဲလူမျိုးတို့လက်သို့အပ်နှံ၍ ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားရန်၊ သို့မဟုတ် သတ်ပစ်ရန် သင့်ကို နေရိ၏သားဗာရုတ်က နှိုးဆော်လေပြီ”ဟု ဆိုကြ၏။
ထိုအခါ ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်အာမဇိက အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးထံသို့ လူလွှတ်၍ “အာမုတ်သည် အစ္စရေးအမျိုးတို့အလယ်တွင် အရှင်မင်းကြီးကို လျှို့ဝှက်ကြံစည်နေပါပြီ။ ပြည်တော်သည် သူ့စကားအလုံးစုံတို့ကို ခံနိုင်မည်မဟုတ်ပါ။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
ငါ့ကြောင့် လူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်လျက် ညှဉ်းဆဲကာ မကောင်းသောအရာအမျိုးမျိုးတို့ဖြင့် သင်တို့ကို မဟုတ်မမှန်ဆန့်ကျင်ပြောဆိုကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
“အစ္စရေးအမျိုးသားတို့၊ ကူညီကြပါ။ ဤသူသည် လူမျိုးတော်ကိုလည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ ဤနေရာကိုလည်းကောင်း ဆန့်ကျင်လျက် အရပ်ရပ်တို့၌ လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါပြီ”ဟု အော်ဟစ်ကြ၏။
“ဤနာမကိုအမှီပြု၍ မသွန်သင်ကြရန် သင်တို့အား တင်းကျပ်စွာအမိန့်ပေးထားသည်မဟုတ်လော။ သို့ရာတွင် သင်တို့သည် ဂျေရုဆလင်မြို့၌ သင်တို့၏သွန်သင်ချက်ကိုပျံ့နှံ့စေ၍ ထိုသူ၏သွေးကို ငါတို့အပေါ်သက်ရောက်စေရန် ကြံရွယ်ကြသည်တကား”ဟု မေးမြန်းပြောဆိုလေ၏။
သူတို့ထဲမှ အချို့တို့သည် ညည်းညူသကဲ့သို့ သင်တို့သည် မညည်းညူကြနှင့်။ ထိုသို့ညည်းညူသောသူတို့သည် ဖျက်ဆီးသောတမန်အားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
အသရေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဂုဏ်သတင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ အရာရာ၌ မိမိတို့ကိုယ်ကိုဘုရားသခင်၏အစေခံများအဖြစ် ထင်ရှားစေကြ၏။ ငါတို့သည် လှည့်ဖြားသောသူကဲ့သို့ဖြစ်သော်လည်း ဖြောင့်မှန်သောသူဖြစ်ကြ၏။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။