မောရှေသည်လည်း ဒါသန်နှင့်အဘိရံတို့ထံသို့ ထသွားသဖြင့် အစ္စရေးသက်ကြီးဝါကြီးတို့သည် သူ့နောက်သို့လိုက်သွားကြ၏။
ထိုအခါမောရှေသည် ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူဒါသန်နှင့် အဘိရံတို့ထံသို့သွားလေသည်။-
မော ရှေ ထ၍ လိုက် ပါ သော ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ ဒါ သန်၊ အ ဘိ ရံ တို့ ရှိ ရာ သို့ သွား ရောက် ပြီး လျှင်၊
မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့သွားပြီးမှ၊
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ မောရှေနှင့်စကားပြောလေ၏။ ကိုယ်တော်သည် မောရှေ၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ သက်ကြီးဝါကြီးများဖြစ်သော လူအယောက်ခုနစ်ဆယ်တို့ထဲသို့ သွင်းပေးလေ၏။ ဝိညာဉ်တော်သည် သူတို့၌ကိန်းဝပ်တော်မူသောအခါ သူတို့သည် ပရောဖက်ပြုဟောပြောကြလေ၏။ သို့သော် နောက်တစ်ဖန် ထပ်၍မဟောပြောကြတော့ပေ။
မောရှေသည် အစ္စရေးအမျိုးသားသက်ကြီးဝါကြီးတို့နှင့်အတူ တပ်စခန်းသို့ ပြန်သွားလေ၏။
လေဝိ၏မြစ်၊ ကောဟတ်၏မြေး၊ ဣဇဟာ၏သား ကောရသည် ရုဗင်သားမြေး၊ ဧလျာဘ၏သား ဒါသန်နှင့်အဘိရံ၊ ပေလက်၏သား ဩန တို့ကိုခေါ်၍
“ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲနှင့် ဝေးဝေးနေကြရန် လူထုတို့အား ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
မောရှေက လူထုတို့အား “ဤဆိုးယုတ်သောသူတို့၏တဲများမှ ဖယ်ခွာကြလော့။ သူတို့ပိုင်သောအရာတစ်စုံတစ်ခုကိုမျှ မထိကြနှင့်။ ထိမိလျှင် သူတို့အပြစ်များကြောင့် သင်တို့ပါ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလျှင်