ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
တောလည် 16:17 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မိမိတို့၏မီးကျီးခံဗန်းကို ယူ၍ နံ့သာပေါင်းကိုထည့်ရမည်။ သင်နှင့်အာရုန်မှစ၍ သင်၏အပေါင်းပါအယောက်နှစ်ရာ့ငါးဆယ်တို့သည် မိမိတို့၏မီးကျီးခံဗန်းကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာရမည်”ဟု ဆို၏။ Common Language Bible သင်တို့အသီးသီးသည်ယဇ်ပလ္လင်၌ဆက် သရန် မိမိ၏မီးကျီးခံအိုးတွင်နံ့သာ ပေါင်းထည့်၍ယူခဲ့ရမည်'' ဟုဆို၏။- Garrad Bible သင် နှင့် အာ ရုန် မှ စ၍ အ သီး အ သီး တို့ သည် ဆိုင် ရာ မီး ကျီး ခံ ကို ကိုယ် စီ ယူ၍ နံ့ သာ ပေါင်း ထည့် ပြီး လျှင် ထာ ဝ ရ ဘု ရား ရှေ့ မီး ကျီး ခံ နှစ် ရာ့ ငါး ဆယ် ကို ဆောင် ယူ ကြ လော့ ဟု ဆို သည့် အ တိုင်း၊ Judson Bible လူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ လောဗန်ကိုတင်ပြီးမှ၊ သင်နှင့်အာရုန်သည်လည်း မိမိတို့လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့ကြလော့ဟု ဆိုသည်အတိုင်း၊ |
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
ထိုအရာတို့၏ရှေ့တွင် အစ္စရေးအမျိုးအနွယ် သက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်တို့သည်ရပ်၍ သူတို့အလယ်တွင် ရှာဖန်၏သားယာဇညာ ရပ်လျက်ရှိ၏။ သူတို့လက်ထဲတွင် လင်ပန်းကိုယ်စီကိုင်ထားပြီး လင်ပန်းထဲမှ နံ့သာပေါင်းမီးခိုးလည်း တလူလူတက်နေသည်ကို တွေ့ရ၏။
ထို့နောက် မောရှေက ကောရအား “မနက်ဖြန် သင်နှင့် သင်၏အပေါင်းပါအားလုံး ထာဝရဘုရားရှေ့တော်သို့လာကြလော့။ သင်တို့နှင့်အတူ အာရုန်လည်း ရှိလိမ့်မည်။
ထို့ကြောင့် သူတို့သည် အသီးသီး မိမိတို့၏မီးကျီးခံဗန်းကိုယူ၍ မီးကိုထည့်ပြီးလျှင် မီးပေါ်၌ နံ့သာပေါင်းကိုတင်၏။ ထို့နောက် မောရှေ၊ အာရုန်တို့နှင့်အတူ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ရပ်နေကြ၏။
ယခု ရပ်နေကြလော့။ သင်တို့နှင့် သင်တို့၏ဘိုးဘေးများအတွက် ထာဝရဘုရားပြုတော်မူသည့် ဖြောင့်မတ်သောအမှုရှိသမျှတို့ကို ထာဝရဘုရားရှေ့တော်၌ သင်တို့ကို ငါရှင်းလင်းပြောပြမည်။