Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 16:17 - Common Language Bible

17 သင်​တို့​အ​သီး​သီး​သည်​ယဇ်​ပလ္လင်​၌​ဆက် သ​ရန် မိ​မိ​၏​မီး​ကျီး​ခံ​အိုး​တွင်​နံ့​သာ ပေါင်း​ထည့်​၍​ယူ​ခဲ့​ရ​မည်'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သင် နှင့် အာ ရုန် မှ စ၍ အ သီး အ သီး တို့ သည် ဆိုင် ရာ မီး ကျီး ခံ ကို ကိုယ် စီ ယူ၍ နံ့ သာ ပေါင်း ထည့် ပြီး လျှင် ထာ ဝ ရ ဘု ရား ရှေ့ မီး ကျီး ခံ နှစ် ရာ့ ငါး ဆယ် ကို ဆောင် ယူ ကြ လော့ ဟု ဆို သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လင်​ပန်း​များ​ကို​ယူ၍ လော​ဗန်​ကို​တင်​ပြီး​မှ၊ သင်​နှင့်​အာ​ရုန်​သည်​လည်း မိ​မိ​တို့​လင်​ပန်း​ပါ​လျက်၊ လူ​အ​ပေါင်း​တို့​သည် လင်​ပန်း နှစ်​ရာ​ငါး​ဆယ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဆောင်​ခဲ့​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သင်​တို့​သည် မိမိ​တို့​၏​မီးကျီးခံဗန်း​ကို ယူ​၍ နံ့သာပေါင်း​ကို​ထည့်​ရ​မည်​။ သင်​နှင့်​အာရုန်​မှစ၍ သင်​၏​အပေါင်းပါ​အယောက်​နှစ်ရာ့​ငါးဆယ်​တို့​သည် မိမိ​တို့​၏​မီးကျီးခံဗန်း​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ယူဆောင်​လာ​ရ​မည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 16:17
5 ပူးပေါင်းရင်းမြစ်များ  

ပြာ​နှင့်​အ​ဆီ​ခံ​အိုး၊ ဂေါ်​ပြား၊ အင်​တုံ၊ ချိတ်၊ မီး ကျီး​ခံ​အိုး​အ​စ​ရှိ​သော​ယဇ်​ပလ္လင်​နှင့်​ဆိုင်​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ် ရ​မည်။-


ထို​အ​ရပ်​တွင်​ရှာ​ဖန်​၏​သား​ယာ​ဇ​ညာ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ရှိ​၏။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​လင်​ပန်း​တစ်​ချပ်​စီ​ကိုင်​ထား​ကြ​၏။ နံ့​သာ​ပေါင်း​မှ​မီး​ခိုး​တို့​သည်​လည်း​အ​ထက်​သို့​တက်​၍​နေ​၏။-


မော​ရှေ​က​ကော​ရ​အား``နက်​ဖြန်​နေ့​တွင် သင်​နှင့်​တ​ကွ သင်​၏​နောက်​လိုက်​သူ​နှစ်​ရာ့ ငါး​ဆယ်​တို့​သည်​တဲ​တော်​သို့​လာ​ရ​ကြ မည်။ အာ​ရုန်​သည်​လည်း​တဲ​တော်​တွင်​ရှိ လိမ့်​မည်။-


ထို​ကြောင့်​လူ​တိုင်း​ပင်​မိ​မိ​၏​မီး​ကျီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ထည့်​၍​မော​ရှေ၊ အာ​ရုန်​တို့ နှင့်​အ​တူ​တဲ​တော်​တံ​ခါး​ဝ​၌​ရပ်​နေ ကြ​သည်။-


သင်​တို့​သည်​ယ​ခု​ထ​၍​ရပ်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​သင်​တို့​ကို​ငါ​ပြစ်​တင် စွပ်​စွဲ​မည်။ ကိုယ်​တော်​သည်​သင်​တို့​နှင့်​ဘိုး​ဘေး တို့​အား မ​ဟာ​အ​မှု​တော်​များ​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ