တစ်စုံတစ်ဦးသည် မိမိ၏တိရစ္ဆာန်များကို လယ်ကွင်း၊ သို့မဟုတ် စပျစ်ခြံထဲ၌ကျက်စားရန် လွှတ်ထားသဖြင့် သူတစ်ပါး၏လယ်ထဲ၌ကျက်စားလျှင် မိမိလယ်၊ မိမိစပျစ်ခြံထဲမှအကောင်းဆုံးကို အလျော်ပေးရမည်။
တောလည် 16:14 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငါတို့ကို နို့နှင့်ပျားရည်စီးသောပြည်သို့ မပို့ဆောင်၊ အမွေအဖြစ် လယ်ယာနှင့်စပျစ်ခြံကိုလည်း ငါတို့အားမပေး။ ဤသူတို့၏မျက်စိကိုလည်း ဖောက်လိုသလော။ ငါတို့မလာ”ဟု ဆိုကြ၏။ Common Language Bible သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။ Garrad Bible အ ကယ် စင် စစ် နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် သို့ သင် ပို့ ဆောင်၍ လယ် ခြံ များ ကို ပိုင် ရစေ ပြီ မ ဟုတ်။ ဤ သူ တို့ မျက် စိ ကို မှောက် မည် လော။ ငါ တို့ မ လာ ဟု ပြန် ဆို ကြ သည့် အ တွက်၊ Judson Bible ထိုမှတစ်ပါး နို့နှင့် ပျားရည်စီးသောပြည်သို့ ငါတို့ကိုမဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကိုမပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့မလာဟု ပြန်ဆို၏။ |
တစ်စုံတစ်ဦးသည် မိမိ၏တိရစ္ဆာန်များကို လယ်ကွင်း၊ သို့မဟုတ် စပျစ်ခြံထဲ၌ကျက်စားရန် လွှတ်ထားသဖြင့် သူတစ်ပါး၏လယ်ထဲ၌ကျက်စားလျှင် မိမိလယ်၊ မိမိစပျစ်ခြံထဲမှအကောင်းဆုံးကို အလျော်ပေးရမည်။
သတ္တမနှစ်၌ကား ထိုမြေကို မထွန်ယက်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် သင့်အမျိုးသားထဲမှ နွမ်းပါးသူတို့ စားရကြလိမ့်မည်။ အကြွင်းအကျန်တို့ကိုလည်း တောရိုင်းတိရစ္ဆာန်တို့ စားရကြလိမ့်မည်။ သင်၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်း ထို့အတူပြုရမည်။
ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
ငါသည် သင်တို့အား “သင်တို့သည် သူတို့၏မြေကိုပိုင်ဆိုင်ရလိမ့်မည်။ နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော သူတို့၏ပြည်ကို သင်တို့အား ငါအပိုင်ပေးမည်”ဟု မိန့်ဆိုခဲ့ပြီ။ ငါသည် သင်တို့ကို အခြားလူမျိုးများနှင့် သီးခြားခွဲထားသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သူတို့က “အကျွန်ုပ်တို့အား ကိုယ်တော်စေလွှတ်သောပြည်သို့ အကျွန်ုပ်တို့ရောက်ခဲ့ပါ၏။ အမှန်ပင် နို့နှင့်ပျားရည်စီးသောပြည်ဖြစ်ပါ၏။ ဤအသီးကား ထိုပြည်မှထွက်သောအသီးဖြစ်ပါ၏။
ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်တော်မူလျှင် နို့နှင့်ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကိုပို့ဆောင်၍ ငါတို့အား ထိုပြည်ကို ပေးတော်မူလိမ့်မည်။
သင်သည် ငါတို့ကို အီဂျစ်ပြည်မှ ဤဆိုးရွားသောအရပ်သို့ အဘယ်ကြောင့်ခေါ်ဆောင်လာသနည်း။ ဤအရပ်သည် မျိုးစေ့ကြဲရာအရပ်မဟုတ်။ သဖန်းပင်၊ စပျစ်ပင်၊ သလဲပင် စိုက်ရာအရပ်မဟုတ်။ သောက်စရာရေလည်းမရှိ”ဟု ရန်တွေ့ကြ၏။
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။
သို့သော် အမ္မုန်လူမျိုးနာဟတ်က သူတို့အား “သင်တို့အားလုံး၏ညာဘက်မျက်လုံးကို ဖောက်ထုတ်ပြီး အစ္စရေးတစ်မျိုးသားလုံးကို ကဲ့ရဲ့ရှုတ်ချရမှသာ သင်တို့နှင့် ငါမဟာမိတ်ဖွဲ့မည်”ဟု ပြန်ပြော၏။