ထိုနွားသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏တစ်ဝက်ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံကို ပူဇော်ရမည်။
သံလွင်ဆီလေးပိုင့်နှင့်ရောထားသောမုန့် ညက်ခြောက်ပေါင်အပြင်၊-
ထို နွား နှင့် တ ကွ ဘော ဇဉ် သ က္ကာ အ ဖြစ် ဆီ နှစ် ပိဿာ ရော သော မုန့် ညက် သုံး စ ရွတ် ကို လည်း ကောင်း၊ သွန်း လောင်း ရာ သ က္ကာ အ ဖြစ်၊
မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊
ဩရနန်ကလည်း ဒါဝိဒ်မင်းကြီးအား “အကျွန်ုပ်၏သခင်အရှင်မင်းကြီး ယူတော်မူပါ။ အလိုရှိသည့်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်အဖို့ နွား၊ ထင်းအဖို့ ကောက်နယ်သစ်သားပြား၊ ဘောဇဉ်ပူဇော်သက္ကာအဖို့ ဂျုံ စသည်တို့ကို အကျွန်ုပ်ပေးပါမည်။ အားလုံးကို အကျွန်ုပ်ပေးပါမည်”ဟု လျှောက်တင်၏။
ရှေ့တော်မုန့်၊ ပုံမှန်ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောဓမ္မပွဲတော်၊ သန့်ရှင်းသောအသုံးအဆောင်များ၊ အစ္စရေးလူမျိုးတို့အပြစ်ဖြေရန်အတွက် အပြစ်ဖြေရာယဇ်များနှင့် ဘုရားသခင့်အိမ်တော်၏အမှုအလုံးစုံတို့အတွက် ပေးလှူပါမည်ဟူသော ပညတ်ချက်ကို ချမှတ်၏။
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
ပွဲတော်အချိန်၊ တွေ့ဆုံစည်းဝေးရသောအချိန်တို့တွင် ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် အကောင်းဆုံးဂျုံမှုန့်တတ်နိုင်သလောက်၊ ဂျုံမှုန့်တစ်ဧဖာစီအတွက် ဆီတစ်ဟိန်စီ စီစဉ်ပေးရမည်။
မီးရှို့ရာယဇ်အဖြစ် သိုးသငယ်တစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် ဆီတို့ကိုလည်း နံနက်တိုင်း အစဉ်ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
ဘောဇဉ်ပူဇော်သက္ကာအဖြစ် သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်ခြောက်ကောင်အတွက် တတ်နိုင်သလောက်၊ အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ကိုလည်း ယူဆောင်လာရမည်။
ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် တတ်နိုင်သလောက်၊ အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ကို စီစဉ်ပေးရမည်။
ထာဝရဘုရား၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ပြတ်လေပြီ။ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်သောယဇ်ပုရောဟိတ်တို့လည်း ငိုကြွေးမြည်တမ်းကြလေပြီ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စိတ်တော်ပြေ၍ ကိုယ်တော်အား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ပူဇော်ခွင့်ကောင်းချီးကို ချန်ထားပေးမည်၊ မပေးမည်ကို မည်သူသိနိုင်မည်နည်း။
ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံနှင့် ဆီတစ်လောဃကို ယူဆောင်လာရမည်။
ဘောဇဉ်ပူဇော်သက္ကာနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အာရုန်၏သားတို့သည် ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားရှေ့တော်၊ ယဇ်ပလ္လင်ရှေ့၌ ပူဇော်ရမည်။
ဤသည်ကား မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်၊ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်နှင့် မိတ်သဟာယယဇ်တို့နှင့်ဆိုင်သောတရားဖြစ်၏။
သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်ကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ မိတ်သဟာယယဇ်အတွက်ဖြစ်စေ နွားသငယ်ကို မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာအဖြစ် ထာဝရဘုရားအားပူဇော်လျှင်
နွားတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ၊
နွားထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်၊ သိုးထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံ၊ သိုးသငယ်တစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်းတစ်ရက်နေ့တိုင်း လစဉ်ပူဇော်ရသောမီးရှို့ရာယဇ်ဖြစ်၏။
လဆန်းတစ်ရက်နေ့၌ပူဇော်သော မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ထိုယဇ်တို့အတွက် သွန်းလောင်းရာပူဇော်သက္ကာများအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။
သူငယ်နို့ပြတ်ပြီးမှ ဟန္နသည် နွားထီးသုံးကောင်၊ မုန့်ညက်တစ်ဧဖာ၊ စပျစ်ဝိုင်တစ်ဘူးကို ယူပြီးလျှင် သူငယ်ကို ထာဝရဘုရား၏အိမ်တော်ရှိရာ ရှိလောမြို့သို့ ခေါ်ဆောင်သွား၏။ သူငယ်ကား အလွန်နုနယ်သေး၏။