တောလည် 15:6 - မြန်မာ့စံမီသမ္မာကျမ်း သိုးထီးတစ်ကောင်အတွက် ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံနှင့်ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကိုလည်းကောင်း၊ Common Language Bible သိုးထီးကိုပူဇော်သည့်အခါဘောဇဉ် သကာအဖြစ် သံလွင်ဆီသုံးပိုင့်နှင့်ရော ထားသောမုန့်ညက်လေးပေါင်အပြင်၊- Garrad Bible သိုး ထီး ဖြစ် လျှင် ဘော ဇဉ် သ က္ကာ အ ဖြစ် ဆီ တစ် ပိဿာ့ ငါး ဆယ် ရော သော မုန့် ညက် နှစ် စ ရွတ် ကို လည်း ကောင်း၊ Judson Bible သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊ |
ထာဝရဘုရားအား ပူဇော်သက္ကာကိုပူဇော်လိုသောသူသည် ဆီတစ်ဟိန်၏လေးပုံတစ်ပုံရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်း ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
သိုးသငယ်တစ်ကောင်အတွက် မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာနှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ်ပူဇော်ရမည်။
သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံကိုလည်းကောင်း မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအား ပူဇော်ရမည်။