“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
တောလည် 15:27 - မြန်မာ့စံမီသမ္မာကျမ်း လူတစ်ယောက်သည် မရည်ရွယ်ဘဲအပြစ်ပြုမိလျှင် သူသည် အပြစ်ဖြေရာယဇ်အတွက် တစ်နှစ်သားအရွယ် ဆိတ်မကလေးတစ်ကောင်ကို ပူဇော်ရမည်။ Common Language Bible အကယ်၍တစ်ဦးတစ်ယောက်သည်အမှတ် မထင်ပြစ်မှားမိလျှင် ထိုသူသည်တစ်နှစ် သားဆိတ်မတစ်ကောင်ကိုအပြစ်ဖြေရာ ယဇ်အဖြစ်ပူဇော်ရမည်။- Garrad Bible လူ တစ် ဦး တစ် ယောက် တည်း မ တော် တ ဆ ပြစ် မှား မိ မူ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် အ ခါ လည် သော ဆိတ် မ တစ် ကောင် ကို ဆက် ကပ် စေ။ Judson Bible လူတစ်စုံတစ်ယောက်သည် သတိလစ်၍ပြစ်မှားလျှင်၊ အပြစ်ဖြေရာယဇ်ဖို့ အခါလည်သော ဆိတ်မတစ်ကောင်ကို ဆောင်ခဲ့ရမည်။ |
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
ပူဇော်သက္ကာအဖြစ် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ မိတ်သဟာယယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်၊
သို့သော် သခင်၏အလိုကိုမသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ထိုက်သောအမှုကို ပြုမိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရမည်။ များစွာရရှိထားသောသူအားလုံးထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံထားသောသူထံမှ ပို၍များစွာတောင်းကြလိမ့်မည်။
ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့သည် သင်တို့၏အကြီးအကဲများနည်းတူ မသိနားမလည်သောကြောင့် ထိုသို့ပြုခဲ့ကြသည်ကို ငါသိ၏။
ငါသည် ယခင်က စော်ကားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ မိုက်ရိုင်းသောသူဖြစ်ခဲ့သော်လည်း ယုံကြည်ခြင်းမရှိစဉ် မသိနားမလည်ဘဲ ထိုသို့ပြုခဲ့သည်ဖြစ်၍ ကရုဏာတော်ကိုခံစားရ၏။