ထို့နောက် သူတို့သည် နံနက်စောစောထ၍ တောင်ထိပ်သို့တက်သွားပြီးလျှင် “အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသောနေရာသို့သွားပါမည်။ အကြောင်းမှာ အကျွန်ုပ်တို့သည် ပြစ်မှားမိကြပါပြီ”ဟု ဆိုကြ၏။
နောက်တစ်နေ့နံနက်စောစောအချိန်တွင် သူတို့ သည်တောင်ကုန်းဒေသကိုဝင်ရောက်သိမ်းပိုက် ရန်စတင်ချီတက်ကြလေသည်။ သူတို့က``ထာ ဝရဘုရားကတိထားတော်မူသောပြည်သို့ ယခုငါတို့သွားပါမည်။ ငါတို့ပြစ်မှားမိ ကြောင်းဝန်ခံပါ၏'' ဟုဆိုကြလေသည်။
တောင် ထိပ် သို့ တက် သွား သော် ငါ တို့ ပြစ် မှား သည် မှန် ပါ၏။ ယ ခု မှာ မူ ထာ ဝ ရ ဘု ရား က တိ ထား တော် မူ ခဲ့ သော နေ ရာ သို့ ချီ တက် ပါ မည် ဟု ဆို ကြ ရာ၊
နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီးလျှင် ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့်ရှိပါ၏။ ထာဝရဘုရား ကတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ အပြစ်ကိုတမင်တကာပြုသောသူသည် ထာဝရဘုရားကိုစော်ကားသောသူဖြစ်၍ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
ထိုအခါ ဗာလမ်က ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆီးတားရန် လမ်း၌ရပ်နေသည်ကို အကျွန်ုပ်မသိပါ။ ကိုယ်တော်မနှစ်မြို့လျှင် အကျွန်ုပ်ပြန်သွားပါမည်”ဟု လျှောက်လေ၏။
အိမ်ရှင်သည်ထ၍ တံခါးကိုပိတ်ပြီးမှ သင်တို့သည် အပြင်၌ရပ်၍ တံခါးကိုခေါက်လျက် ‘သခင်၊ အကျွန်ုပ်တို့အားတံခါးဖွင့်ပေးပါ’ဟု ဆိုကြသော်လည်း သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ’ဟု ပြန်၍ဆိုလိမ့်မည်။
ထိုအခါ သင်တို့က ငါ့အား ‘အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တက်သွား၍ စစ်တိုက်ပါမည်’ဟု ဆိုပြီးလျှင် သင်တို့အသီးသီး လက်နက်များကိုစွဲကိုင်၍ တောင်ပေါ်ဒေသသို့တက်သွားရန် အသင့်နေကြ၏။
ငါသည် သင်တို့အား ထိုသို့ဆင့်ဆိုသော်လည်း သင်တို့သည် နားမထောင်ဘဲ ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် တောင်ပေါ်ဒေသသို့ တဇွတ်ထိုးတက်သွားကြ၏။