သင်၏အနီးတွင် လူတစ်ထောင်၊ သင်၏လက်ယာဘက်တွင် လူတစ်သောင်း လဲကျသော်လည်း ထိုဘေးတို့သည် သင့်ထံသို့ ရောက်လာမည်မဟုတ်။
တောလည် 14:37 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်၏မကောင်းသတင်းကိုဖြန့်သောသူတို့သည် ထာဝရဘုရား၏ရှေ့တော်၌ ကာလနာဘေးဖြင့်သေကြလေ၏။ Judson Bible ခါနာန်ပြည်ကို မကောင်းသောသတင်း ကြားပြောသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလနာဘေးနှင့် သေကြလေ၏။ |
သင်၏အနီးတွင် လူတစ်ထောင်၊ သင်၏လက်ယာဘက်တွင် လူတစ်သောင်း လဲကျသော်လည်း ထိုဘေးတို့သည် သင့်ထံသို့ ရောက်လာမည်မဟုတ်။
ထာဝရဘုရားက နဟေလံအမျိုး ရှေမာယသည် ငါ့ကို ပုန်ကန်ပြောဆိုသောကြောင့် ကြည့်ရှုလော့။ ငါသည် သူနှင့်သူ၏သားစဉ်မြေးဆက်တို့ကို ဒဏ်ခတ်မည်။ ဤလူမျိုးထဲတွင် သူ၏သားစဉ်မြေးဆက်တစ်ယောက်မျှ အသက်ရှင်နေထိုင်ရမည်မဟုတ်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက ငါ့လူမျိုးတော်အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာကို သူတို့ခံစားရမည်မဟုတ်”ဟု မိန့်ဆို၏။
ထို့ကြောင့် ထာဝရဘုရားထံတော်မှ မီးထွက်လာ၍ သူတို့ကိုလောင်ကျွမ်းသဖြင့် သူတို့သည် ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။
သူတို့သည် အစ္စရေးအမျိုးသားတို့အလယ်၌ မိမိတို့စူးစမ်းခဲ့သောပြည်၏မကောင်းသတင်းကို ဖြန့်ကြ၏။ သူတို့က “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် မိမိပြည်သားတို့ကိုဝါးမျိုသောပြည်ဖြစ်ပြီး ထိုပြည်၌ ငါတို့တွေ့ခဲ့သောလူအားလုံးတို့သည် ထွားကျိုင်းကြ၏။
ငါသည် သူတို့ကို ကပ်ရောဂါဘေးဖြင့် ဒဏ်ခတ်၍ ဖျက်ဆီးမည်။ သင့်ကိုကား သူတို့ထက် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ထိုပြည်ကိုစူးစမ်းရန် သွားခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်တို့မူကား အသက်ချမ်းသာရာရကြ၏။
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
ကောရကြောင့် သေဆုံးသူတို့အပြင် ဘေးဒဏ်ကြောင့် သေဆုံးသူ တစ်သောင်းလေးထောင့်ခုနစ်ရာ ရှိ၏။
လူတို့က မောရှေအား “ထာဝရဘုရားရှေ့တော်၌ ငါတို့၏ညီအစ်ကိုများသေစဉ်က ငါတို့လည်း သေခဲ့ပါစေလား။
မြည်းသည် ငါ့ကိုမြင်သဖြင့် သုံးကြိမ်တိုင်တိုင် ငါ့ထံမှလွှဲရှောင်ခဲ့၏။ ထိုသို့ ငါ့ထံမှမလွှဲရှောင်ခဲ့လျှင် အကယ်စင်စစ် မြည်းကိုအသက်ချမ်းသာခွင့်ပေးပြီး သင့်ကိုငါကွပ်မျက်ပြီ”ဟု ဆိုလေ၏။
သူတို့ထဲမှ အချို့တို့သည် ညည်းညူသကဲ့သို့ သင်တို့သည် မညည်းညူကြနှင့်။ ထိုသို့ညည်းညူသောသူတို့သည် ဖျက်ဆီးသောတမန်အားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
သို့သော် ဘုရားသခင်သည် သူတို့ထဲမှ အများစုကို နှစ်သက်တော်မမူခဲ့ပေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ၌ သေကျေပျက်စီးခဲ့ကြရ၏။
တစ်ဖန် အနှစ်လေးဆယ်အတွင်း မည်သူတို့အပေါ် အမျက်ထွက်တော်မူခဲ့သနည်း။ အပြစ်ပြု၍ တောကန္တာရ၌ ခန္ဓာကြွေရသူများအပေါ်မဟုတ်လော။
ထို့ပြင် “ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မည်သူတို့အား တိုင်တည်၍မိန့်တော်မူခဲ့သနည်း။ နာခံခြင်းမရှိသောသူများကိုပင်မဟုတ်လော။
သင်တို့သည် ဤအရာအားလုံးကိုသိကြပြီဖြစ်သော်လည်း သင်တို့ကို ငါသတိပေးနှိုးဆော်လိုသည်မှာ ထာဝရဘုရားသည် လူမျိုးတော်ကို အီဂျစ်ပြည်မှ အပြီးအပိုင်ကယ်လွှတ်တော်မူပြီးနောက် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။