ထို့ကြောင့် ကိုယ်တော်သည် သူတို့ကို တောကန္တာရထဲတွင် ကျဆုံးစေမည်ဟူ၍လည်းကောင်း၊
တောလည် 14:32 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏အလောင်းကောင်များမူကား ဤတောကန္တာရထဲ၌ ကျန်ရစ်ရလိမ့်မည်။ Common Language Bible သင်တို့မူကားဤတောကန္တာရ၌သေဆုံးရ ကြမည်။- Garrad Bible သင် တို့ မှာ မူ ဤ သဲ တော တွင် အ သေ ကောင် ဖြစ် နေ ကြ သည့် ပြင်၊ Judson Bible သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင်ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။ |
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကို တောကန္တာရထဲတွင် ကျဆုံးစေမည်ဟူ၍လည်းကောင်း၊
စာရင်းကောက်ရာတွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စာရင်းဝင်သောသူရှိသမျှတို့သည် ငါ့ကို အပြစ်တင်ကြသည်ဖြစ်၍ ဤတောကန္တာရထဲ၌ သူတို့၏အလောင်းကောင်များ ကျန်ရစ်ရလိမ့်မည်။
ဤသူတို့ထဲတွင် သိနာတောကန္တာရ၌ မောရှေနှင့်ယဇ်ပုရောဟိတ်အာရုန်တို့ ရေတွက်ခဲ့သည့်အစ္စရေးအမျိုးသားတို့၏အရေအတွက်တစ်ယောက်မျှ မပါဝင်ချေ။
“ထိုသူတို့သည် တောကန္တာရ၌ မုချသေရမည်”ဟု ထာဝရဘုရား မိန့်တော်မူခဲ့သောကြောင့် ထိုသူတို့တွင် ယေဖုန္နာသား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှ မကျန်ရစ်ပေ။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မိမိရှေ့တော်၌ ဆိုးသောအမှုကိုပြုသောမျိုးဆက်အားလုံးသေကုန်သည်အထိ သူတို့ကို တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်စေတော်မူ၏။
သို့သော် ဘုရားသခင်သည် သူတို့ထဲမှ အများစုကို နှစ်သက်တော်မမူခဲ့ပေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ၌ သေကျေပျက်စီးခဲ့ကြရ၏။
တစ်ဖန် အနှစ်လေးဆယ်အတွင်း မည်သူတို့အပေါ် အမျက်ထွက်တော်မူခဲ့သနည်း။ အပြစ်ပြု၍ တောကန္တာရ၌ ခန္ဓာကြွေရသူများအပေါ်မဟုတ်လော။