အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 14:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လုယူဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​ဟု သင်​တို့​ပြော​ခဲ့​သော သင်​တို့​၏​ကလေး​တို့​ကို ငါ​ပို့ဆောင်​မည်​ဖြစ်၍ သင်​တို့​စွန့်ပစ်​သော ထို​ပြည်​ကို သူ​တို့ သိမြင်​ရ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​၏​သား​သ​မီး​များ​ကို​ရန်​သူ​ဖမ်း​သွား လိမ့်​မည်​ဟု​သင်​တို့​ဆို​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​မ​သွား​လို​သော​ပြည်​သို့​သင်​တို့ ၏​က​လေး​များ​ကို​ပို့​ဆောင်​သ​ဖြင့် သူ​တို့ သည်​ထို​ပြည်​တွင်​နေ​ထိုင်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သုံ့ ဘမ်း ခံ ရ တော့ မည် ဟု သင် တို့ ဆို ကြ သော သား သ မီး တို့ ကား ငါ ဆောင် သွင်း သည့် အ လျောက် သင် တို့ ပယ် သော ပြည် ကို သိ မြင် ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ရန်​သူ​လု​ယူ​ရာ​ဖြစ်​လိမ့်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​တို့​ကို ငါ​ဆောင်​သွင်း၍ သင်​တို့​ပယ်​သော​ပြည်​ကို သူ​တို့​သည်​သိ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



တော​လည် 14:31
14 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယာကုပ်​သည် မုန့်​နှင့်​ပဲနီ​ဟင်း​ကို ဧသော​အား​ပေး​သဖြင့် သူ​သည် စား​သောက်​ပြီးမှ ထ​၍ ထွက်သွား​လေ​၏​။ ထိုသို့ ဧသော​သည် သားဦးအရိုက်အရာ​ကို မထီမဲ့မြင်ပြု​၏​။


သူ​တို့​၏​သားမြေး​တို့​သည် ထို​ပြည်​ကို​ဝင်ရောက်​သိမ်းပိုက်​သောအခါ ကိုယ်တော်​သည် ထို​ပြည်သား​ခါနာန်​လူမျိုး​တို့​ကို သူ​တို့​ရှေ့​တွင်​နှိမ်နင်း​တော်မူ​၏​။ ရှင်ဘုရင်​နှင့်တကွ ပြည်သူပြည်သား​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​၍ သူ​တို့​အလိုရှိ​သည့်​အတိုင်း​ပြု​ကြ​၏​။


တစ်ဖန် သူ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​ကို မ​ယုံ​၊ သာယာ​သော​ပြည်​ကို အလေးမထား​ဘဲ


သင်​တို့​သည် ငါ​ပေး​သော​အကြံဉာဏ်​အားလုံး​ကို လျစ်လျူရှု​ကြ​ပြီး ငါ​၏​ဆိုဆုံးမ​ခြင်း​ကို​လည်း အလို​မ​ရှိ​ကြ​။


ငါ​၏​အကြံဉာဏ်​ကို​အလို​မ​ရှိ​ကြ​။ ငါ​၏​ဆိုဆုံးမစကား​အားလုံး​ကို​လည်း မထီလေးစား​ပြု​ခဲ့​ကြ​၏​။


တောကန္တာရ​၌ သူ​တို့​၏​သားသမီး​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ကျင့်ထုံး​တို့​ကို မ​လိုက်နာ​ကြ​နှင့်​။ သူ​တို့​၏​ဓလေ့ထုံးတမ်း​တို့​ကို မ​စောင့်ထိန်း​ကြ​နှင့်​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့်​လည်း ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ကြ​နှင့်​။


ငါ​တို့​ကို ဓား​ဖြင့်​သေ​စေရန် ထာဝရဘုရား​သည် အဘယ်ကြောင့် ဤ​ပြည်​သို့​ခေါ်ဆောင်​ခဲ့​သနည်း​။ ငါ​တို့​၏​မယား​နှင့်​ကလေး​တို့​သည် လုယူဖျက်ဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​သို့​ပြန်သွား​လျှင် ငါ​တို့​အတွက် သာ၍​ကောင်း​သည်​မ​ဟုတ်​လော​”​ဟု ဆို​ကြ​၏​။


ဟေဇရုံ​မှ​ဆင်းသက်​သော ဟေဇရုန်​မျိုးနွယ်စု​၊ ကာမိ​မှ​ဆင်းသက်​သော ကာမိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။


ဤ​သူ​တို့​ထဲတွင် သိနာ​တောကန္တာရ​၌ မောရှေ​နှင့်​ယဇ်ပုရောဟိတ်​အာရုန်​တို့ ရေတွက်​ခဲ့​သည့်​အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​တစ်​ယောက်​မျှ မ​ပါဝင်​ချေ​။


သို့သော် သူ​တို့​သည် ဂရုမစိုက်​ကြ​ဘဲ တစ်​ဦး​သည် မိမိ​လယ်​သို့​လည်းကောင်း၊ အခြား​တစ်​ဦး​သည် မိမိ​ကုန်သွယ်​ရာ​သို့​လည်းကောင်း သွား​ကြ​၏။


လုယူဖျက်ဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​ဟု သင်​တို့​ဆို​ခဲ့​သော သင်​တို့​၏​ကလေး​များ​၊ ယခု​အချိန်​တွင် အကောင်း​အဆိုး​ကို​မ​သိ​သေး​သော သင်​တို့​၏​သားသမီး​များ​သည် ထို​ပြည်​သို့ ဝင်​ရ​လိမ့်မည်​။ ငါ​သည် ထို​ပြည်​ကို သူ​တို့​အား​ပေး​၍ သူ​တို့​သည် ထို​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။


သူ​တို့​၏​နေရာ​တွင် နောက်ထပ်​မွေးဖွား​လာ​သော​သားမြေး​တို့​သည် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ရ​သေး​သော​သူ​များ​ဖြစ်​၍ ခရီး​သွား​နေစဉ်​အတွင်း အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​သောကြောင့် ယောရှု​သည် သူ​တို့​ကို အရေဖျားလှီး​ပေး​၏​။