အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
တောလည် 13:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့၏အမည်ကား ရုဗင်အမျိုးအနွယ်မှ ဇက္ကုရ၏သား ရှမွာ၊ Garrad Bible ထို ပြည် ကို စူး စမ်း ရန် မော ရှေ စေ လွှတ် သူ တို့ အ မည် များ ကား ရု ဗင့် အ နွယ်၊ ဇ က္ကု ရ သား ရှ မွာ၊ ရှိ မောင့် အ နွယ်၊ ဟော ရိ သား ရှာ ဖတ်၊ ယု ဒ အ နွယ်၊ ယေ ဖု န္နာ့ သား ကာ လက်၊ ဣ သ ခါ့ အ နွယ်၊ ယော သပ် သား ဣ ဂါ လ၊ ဧ ဖ ရိမ့် အ နွယ်၊ နုန့် သား ဟော ရှေ၊ ဗင်္ယာ မိန့် အ နွယ်၊ ရာ ဖု သား ပါ လ တိ၊ ဇာ ဗု လုန့် အ နွယ်၊ သော ဒိ သား ဂါ ဒျေ လ၊ ယော သပ် သား တို့ တွင် မ နာ ရှေ့ အ နွယ်၊ သု သိ သား ဂ ဒ္ဒိ။ ဒန့် အ နွယ်၊ ဂေ မ လ္လိ သား အ မျေ လ။ အာ ရှာ့ အ နွယ်၊ မိ က္ခေ လ သား သေ သု ရ။ နဿ လိ အ နွယ်၊ ဝါ ဖ သိ သား နာ ဘိ။ ဂဒ် အ နွယ်၊ မာ ခိ သား ဂွေ လ တို့ တည်း။ နုန့် သား ဟော ရှေ ကို ယော ရှု ဟူ သော အ မည် ဖြင့် မော ရှေ မှည့် လေ ၏။ Judson Bible သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသား ရှမွာ။ |
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
“မျိုးနွယ်အမည်အလိုက် ရသောဝေစုကား ဤသို့ဖြစ်၏။ မြောက်ဘက်အစွန်း ဟေသလုန်မြို့မှ လီဘိုဟာမတ်မြို့သို့သွားရာလမ်းတစ်လျှောက် ထိုမှ ဒမတ်စကပ်မြို့နှင့် မြောက်ဘက်ရှိဟာမတ်မြို့၏နယ်နိမိတ်အကြားရှိ ဟာဇရေနန်မြို့အထိ အရှေ့ဘက်မှ အနောက်ဘက်အထိနယ်နိမိတ်သည် ဒန်အမျိုး၏ဝေစုဖြစ်ရမည်။
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏အကြီးအမှူးများကို ပါရန်တောကန္တာရမှ စေလွှတ်၏။
ထိုပြည်ကိုစူးစမ်းရန် မောရှေစေလွှတ်ခဲ့သောသူတို့သည် ပြန်လာပြီး ထိုပြည်နှင့်ပတ်သက်၍ မကောင်းသတင်းဖြန့်လျက် လူထုအပေါင်းတို့ကို ညည်းညူစေခဲ့ကြ၏။
အစ္စရေးအမျိုးသားအား ထာဝရဘုရားပေးတော်မူသောပြည်သို့ သူတို့ ကူးသွားရမည်ကို သူတို့ စိတ်ပျက်အောင် အဘယ်ကြောင့် လုပ်ကြသနည်း။
ယုဒအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရ၍ ရုဗင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဂဒ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊