ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
တောလည် 13:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။ Common Language Bible သို့ဖြစ်၍သူတို့သည်မြောက်ဘက်သို့သွားပြီး လျှင် ထိုပြည်တောင်ဘက်ဇိနခေါ်တောကန္တာရ မှမြောက်ဘက်ဟာမတ်တောင်ကြားအနီးရှိ ရဟောဘမြို့သို့တိုင်အောင်ပြည်ကိုစုံစမ်း ထောက်လှမ်းကြသည်။- Garrad Bible ထို သူ တို့ သည် တက် သွား ပြီး လျင် ဇိ န တော မှ စ၍ ဟာ မတ် မြို့ လမ်း ဝ၊ ရ ဟော ဘ မြို့ တိုင် အောင် ပြည် နယ် တစ် လျှောက် စူး စမ်း ကြ ၏။ Judson Bible ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကိုစူးစမ်းကြ၏။ |
ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။
ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် သူ့ကို စီရင်ချက်ချလေ၏။
ဟာမတ်မြို့၊ ဗေရောသာမြို့၊ ဒမတ်စကပ်မြို့နှင့် ဟာမတ်နယ်နိမိတ်ကြားရှိ သိဗရိမ်မြို့အထိရောက်၍ ဟောရန်နယ်နိမိတ်ရှိ ဟာဇာဟတ္တိကုန်မြို့အထိ ရောက်၏။
ကာလနေမြို့သို့ သွားလော့။ ထိုမှ ဟာမတ်မြို့ကြီးသို့ သွားပြီး ဖိလိတ္တိပြည်၊ ဂါသမြို့အထိ ဆင်းသွား၍ကြည့်ကြလော့။ ဤပြည်တို့သည် သင်တို့၏ပြည်ထက် သာ၍ကောင်းသလော။ သူတို့၏နယ်မြေသည် သင်တို့၏နယ်မြေထက် သာ၍ကျယ်ပြန့်သလော။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။
အကြောင်းမူကား ဇိနတောကန္တာရ၌ လူထုတို့ပဋိပက္ခဖြစ်ကြစဉ်က သင်တို့သည် ငါ၏အမိန့်ကိုဖီဆန်၍ ရေအနားမှ ထိုသူတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ (ထိုရေကား ဇိနတောကန္တာရရှိ ကာဒေရှအရပ်မှ မေရိဘစမ်းရေဖြစ်၏။)
ဟောရတောင်မှ လီဘိုဟာမတ်အရပ်အထိ ပိုင်းခြား၍ ထိုမှ နယ်နိမိတ်သည် ဇေဒဒ်အရပ်အထိရောက်ရမည်။
ထိုသူတို့သည် တောင်ပေါ်ဒေသသို့ တက်သွားပြီး ဧရှကောလချိုင့်ဝှမ်းသို့ရောက်၍ ထိုပြည်ကို စူးစမ်းကြ၏။
အကြောင်းမှာ သင်တို့သည် ဇိနတောကန္တာရ၊ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနား အစ္စရေးအမျိုးသားတို့ရှေ့မှောက်တွင် ငါ့ကိုပြစ်မှား၍ ငါသန့်ရှင်းကြောင်းကို အစ္စရေးအမျိုးသားတို့အလယ်၌ အသိအမှတ်မပြုကြသောကြောင့် ဖြစ်၏။
ဂေဗလပြည်၊ လက်ဘနွန်ပြည်အရှေ့ဘက်တစ်ခုလုံး၊ ဟေရမုန်တောင်ခြေရှိ ဗာလဂဒ်ပြည်မှ လီဘိုဟာမတ်ပြည်အထိဖြစ်၏။
ယုဒအမျိုးအနွယ်သည် မဲချ၍မျိုးနွယ်စုအလိုက် ရသောအမွေမြေမှာ ဤသို့ဖြစ်၏။ တောင်ဘက်စွန်းရှိ ဇိနတောကန္တာရမှ ဧဒုံနယ်နိမိတ်အထိဖြစ်၏။
ထိုမြို့သည် ဆီဒုန်မြို့နှင့် ကွာဝေးသည့်အပြင် မြို့သားတို့သည်လည်း မည်သူနှင့်မျှအဆက်အဆံမရှိသောကြောင့် သူတို့ကို ကယ်တင်မည့်သူမရှိ။ လဲရှမြို့သည် ဗက်ရဟောဘမြို့အနီး ချိုင့်ဝှမ်းဒေသ၌ ရှိ၏။ ဒန်အမျိုးသားတို့သည် မြို့ကိုပြန်လည်တည်ထောင်၍ နေထိုင်ကြ၏။