ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
တောလည် 12:3 - မြန်မာ့စံမီသမ္မာကျမ်း (မောရှေသည် ကမ္ဘာမြေပေါ်ရှိလူအားလုံးတို့ထက် စိတ်အနှိမ့်ချဆုံးသူဖြစ်၏။) Common Language Bible (မောရှေသည်စိတ်နှိမ့်ချသူဖြစ်၏။ ကမ္ဘာပေါ် တွင်သူကဲ့သို့စိတ်နှိမ့်ချသူတစ်ယောက်မျှ မရှိ။) Garrad Bible မြေ ကြီး ပေါ် တွင် ရှိ နေ သူ တ ကာ ထက် မော ရှေ သည် စိတ် နှိမ့် ချ သူ ဖြစ် သ ဖြင့်၊ Judson Bible မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူအပေါင်းတို့ထက်သာ၍ နူးညံ့သိမ်မွေ့သောသဘောရှိ၏။ |
ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းနှင့်တင့်တယ်စေတော်မူ၏။
ထာဝရဘုရားက “တွေ့ဆုံစည်းဝေးရာတဲတော်သို့ သင်တို့သုံးယောက်လာကြလော့”ဟု မောရှေ၊ အာရုန်နှင့် မိရိအံတို့အား ချက်ချင်းမိန့်တော်မူသဖြင့် သူတို့သုံးယောက်သည် ထွက်လာကြ၏။
ငါသည် နူးညံ့သိမ်မွေ့လျက် နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌နည်းခံကြလော့။ ထိုအခါ သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံရကြလိမ့်မည်။
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။
နို့တိုက်မိခင်သည် မိမိ၏သားသမီးများကို ယုယကြင်နာသကဲ့သို့ သင်တို့အလယ်၌ နူးညံ့သိမ်မွေ့သောသူများဖြစ်ကြ၏။
သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ဉာဏ်ပညာ၏နူးညံ့သိမ်မွေ့ခြင်း၌တည်သော မိမိ၏လုပ်ဆောင်မှုတို့ကို ကောင်းသောအသက်ရှင်နေထိုင်မှုအားဖြင့် သက်သေပြပါစေ။
နူးညံ့သိမ်မွေ့၍ တည်ငြိမ်သည့်စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့် စိတ်နှလုံးနှင့်ဆိုင်သော အတွင်းဝိညာဉ်လူ၏တန်ဆာဆင်ခြင်းဖြစ်စေကြလော့။ ဤသည်ကား ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးထိုက်သောအရာဖြစ်၏။