ထာဝရဘုရားသည် အာဇရိမင်းကြီးကို ဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်သည်အထိ အနာကြီးရောဂါစွဲကပ်ပြီး သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။
တောလည် 12:10 - မြန်မာ့စံမီသမ္မာကျမ်း မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသွားသည်နှင့် မိရိအံသည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်သည် မိရိအံကိုလှည့်ကြည့်သောအခါ အနာကြီးရောဂါစွဲနေသည်ကို မြင်လျှင် Common Language Bible တဲတော်ပေါ်မှမိုးတိမ်တက်သွားသည့်အခါ မိရိအံတွင် ကြောက်မက်ဖွယ်သောကိုယ်ရေပြား ရောဂါစွဲသဖြင့်တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူ လာလေ၏။ အာရုန်သည်မိရိအံကိုယ်၌ ရောဂါ စွဲသည့်အခြင်းအရာကိုတွေ့မြင်ရသော အခါ၊- Garrad Bible တိမ် တိုက် သည် တဲ တော် အ ထက် မှ တက် ခွာ လျှင် မိ ရိ အံ လည်း မိုး ပွင့် အ ဆင်း ကဲ့ သို့ နူ ရ၏။ အာ ရုန် သည် မိ ရိ အံ နူ သည် ကို ကြည့် မြင် သော်၊ Judson Bible မိုးတိမ်သည် တဲတော်အပေါ်မှကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊ |
ထာဝရဘုရားသည် အာဇရိမင်းကြီးကို ဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်သည်အထိ အနာကြီးရောဂါစွဲကပ်ပြီး သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။
သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
ထိုအချိန်တွင် မြို့တံခါးဝ၌ အနာကြီးရောဂါစွဲနေသူလူလေးယောက်ရှိ၏။ သူတို့က “ငါတို့သည် အဘယ်ကြောင့် သေသည်အထိ ဤနေရာမှာထိုင်နေရမည်နည်း။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခု သင်၏လက်ကို သင့်ရင်ခွင်ထဲသို့သွင်းလော့”ဟု မိန့်တော်မူလျှင် သူသည် မိမိ၏လက်ကို ရင်ခွင်ထဲသို့သွင်းပြီး ပြန်ထုတ်သောအခါ သူ၏လက်သည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြစ်လေ၏။
အကယ်၍ သားသမီးမွေးလျှင်လည်း အားလုံးကို ငါဆုံးပါးစေမည်။ သူတို့ကို ငါစွန့်ပစ်သောအခါ သူတို့ အမင်္ဂလာဖြစ်လိမ့်မည်။
“ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ အနာကြီးရောဂါစွဲသောသူရှိသမျှ၊ အရိအရွဲထွက်သောသူရှိသမျှ၊ အသေကောင်ကြောင့်မစင်ကြယ်သောသူရှိသမျှတို့ကို တပ်စခန်းထဲမှ ထွက်သွားစေရမည်။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
သင်တို့သည် အီဂျစ်ပြည်မှ ထွက်လာ၍ ခရီးပြုကြစဉ်က သင်၏ဘုရားသခင်ထာဝရဘုရားသည် မိရိအံအား မည်သို့စီရင်တော်မူခဲ့သည်ကို အောက်မေ့လော့။