ထိုအရပ်၌ အာသာဆန္ဒပြင်းပြသောလူတို့ကို သင်္ဂြိုဟ်ခဲ့ရသောကြောင့် ထိုအရပ်၏အမည်ကို ကိဗြုတ်ဟတ္တဝါ ဟုခေါ်ဆိုလေ၏။
တောလည် 11:35 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ကိဗြုတ်ဟတ္တဝါအရပ်မှ ဟာဇရုတ်အရပ်သို့ ခရီးပြု၍ ဟာဇရုတ်အရပ်၌နေကြ၏။ Common Language Bible သူတို့သည်ထိုအရပ်မှခရီးဆက်ကြ၍ ဟာဇရုတ်အရပ်သို့ရောက်လျှင်စခန်းချ ကြလေသည်။ Garrad Bible လူ မျိုး တော် သည် ကိ ဗြုတ် ဟ တ္တ ဝါ စ ခန်း မှ ချီ သွား ပြီး လျှင် ဟာ ဇ ရုတ် စ ခန်း သို့ ရောက်၍ ချ ရပ် ကြ ၏။ Judson Bible လူများတို့သည် ကိဗြုတ်ဟတ္တဝါအရပ်မှ ထွက်ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။ |
ထိုအရပ်၌ အာသာဆန္ဒပြင်းပြသောလူတို့ကို သင်္ဂြိုဟ်ခဲ့ရသောကြောင့် ထိုအရပ်၏အမည်ကို ကိဗြုတ်ဟတ္တဝါ ဟုခေါ်ဆိုလေ၏။
ထို့နောက်မှ လူတို့သည် ဟာဇရုတ်အရပ်မှ ခရီးပြု၍ ပါရန်တောကန္တာရတွင် စခန်းချကြ၏။
ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။