အီဂျစ်ပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အီဂျစ်ပြည်သို့ရောက်သော ယာကုပ်၏အိမ်သူအိမ်သားစုစုပေါင်းမှာ အယောက်ခုနစ်ဆယ်ဖြစ်၏။
တောလည် 11:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။ Common Language Bible ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့အထဲမှဂုဏ်အသရေရှိသူ ခေါင်းဆောင်ခုနစ်ဆယ်ကို ပဋိညာဉ်တဲတော် သို့လာရောက်စုရုံးစေပြီးလျှင်သင်နှင့် အတူရပ်နေစေလော့။- Garrad Bible ထို အ ခါ မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ လူ ကြီး တို့ အ နက် လူ ကြီး များ၊ ဗိုလ် များ ဖြစ် ကြောင်း ကို သင် သိ သူ ခုနစ် ဆယ် တို့ ကို တွေ့ ဆုံ ရာ တဲ တော် အ နီး ငါ့ ထံ၊ သင် နှင့် အ တူ ခ စား ကြ ရ စေ ရန် စု ရုံး လော့။ Judson Bible ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးသူခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာစုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ခေါ်ခဲ့၍ သင်နှင့်အတူရပ်နေကြစေလော့။ |
အီဂျစ်ပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အီဂျစ်ပြည်သို့ရောက်သော ယာကုပ်၏အိမ်သူအိမ်သားစုစုပေါင်းမှာ အယောက်ခုနစ်ဆယ်ဖြစ်၏။
အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့်အတူ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် အစ္စရေးသက်ကြီးဝါကြီးတို့ထဲမှ အယောက်ခုနစ်ဆယ်တို့သည် ထာဝရဘုရားထံတော်သို့ တက်လာ၍ အဝေးမှ ရှိခိုးကိုးကွယ်ကြစေ။
ထို့နောက် မောရှေနှင့်အတူ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် အစ္စရေးလူမျိုးသက်ကြီးဝါကြီးတို့ထဲမှ အယောက်ခုနစ်ဆယ်တို့သည် တက်သွား၍
ထို့နောက် မောရှေနှင့်အာရုန်တို့သည် သွား၍ အစ္စရေးအမျိုးသားသက်ကြီးဝါကြီးအပေါင်းတို့ကို စုဝေးစေကြ၏။
ထာဝရဘုရားက “အိုးထိန်းသည်ထံသွား၍ မြေအိုးကိုဝယ်ယူပြီးလျှင် သက်ကြီးဝါကြီးလူအချို့၊ သက်ကြီးဝါကြီးယဇ်ပုရောဟိတ်အချို့တို့နှင့်အတူ
ထိုအရာတို့၏ရှေ့တွင် အစ္စရေးအမျိုးအနွယ် သက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်တို့သည်ရပ်၍ သူတို့အလယ်တွင် ရှာဖန်၏သားယာဇညာ ရပ်လျက်ရှိ၏။ သူတို့လက်ထဲတွင် လင်ပန်းကိုယ်စီကိုင်ထားပြီး လင်ပန်းထဲမှ နံ့သာပေါင်းမီးခိုးလည်း တလူလူတက်နေသည်ကို တွေ့ရ၏။
မောရှေသည် ထွက်သွား၍ လူတို့အား ထာဝရဘုရား၏စကားတော်တို့ကို ဆင့်ဆိုလေ၏။ သက်ကြီးဝါကြီးတို့ထဲမှ လူအယောက်ခုနစ်ဆယ်ကိုစုဝေးစေ၍ သူတို့ကို တဲတော်ပတ်ပတ်လည်၌ ရပ်စေ၏။
မောရှေသည်လည်း ဒါသန်နှင့်အဘိရံတို့ထံသို့ ထသွားသဖြင့် အစ္စရေးသက်ကြီးဝါကြီးတို့သည် သူ့နောက်သို့လိုက်သွားကြ၏။
ထို့နောက် သခင်ဘုရားသည် အခြားသောသူ အယောက်ခုနစ်ဆယ်တို့ကိုခန့်ထား၍ ကြွတော်မူရန်ကြံရွယ်ထားသော မြို့ရွာအရပ်ရပ်သို့ မိမိရှေ့မှနှစ်ဦးစီ၊ နှစ်ဦးစီ စေလွှတ်တော်မူ၏။
ထို့နောက် ထိုအယောက်ခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်၌ နတ်ဆိုးတို့ပင် အကျွန်ုပ်တို့ကိုနာခံကြပါ၏”ဟု လျှောက်ကြ၏။
ထို့ကြောင့် ပညာရှိပြီး အတွေ့အကြုံလည်းရှိသော သင်တို့၏မျိုးနွယ်အကြီးအမှူးတို့ကို ငါခေါ်ယူပြီးလျှင် သူတို့အား သင်တို့မျိုးနွယ်ကိုကြီးကြပ်အုပ်ချုပ်သောသူများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်ထား၏။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
ဤစကားများကို သူတို့ကြားအောင် ငါပြောကြားနိုင်မည့်အကြောင်း၊ ကောင်းကင်နှင့်မြေကြီးကိုတိုင်တည်ပြီး သူတို့ကိုဆန့်ကျင်သည့်သက်သေကိုထူနိုင်မည့်အကြောင်း သင်တို့မျိုးနွယ်များ၏သက်ကြီးဝါကြီးများ၊ သင်တို့၏ကြီးကြပ်အုပ်ချုပ်သူများ အားလုံးကို ငါ့ထံ၌ စုရုံးစေလော့။