ယုဒ၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ရှေ့ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိနဒပ်၏သား နာရှုန် ဦးစီး၏။
တောလည် 10:13 - မြန်မာ့စံမီသမ္မာကျမ်း မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူတို့ခရီးပြုကြသည်မှာ ပထမအကြိမ်ဖြစ်၏။ Common Language Bible သူတို့သည်မောရှေမှတစ်ဆင့် ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်းခရီး ထွက်ကြ၏။- Garrad Bible မော ရှေ ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ဤ ပ ထ မ အ ကြိမ် ချီ သွား ကြ သည် မှာ၊ Judson Bible ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ပထမခရီးသွားခြင်းကို ပြုကြ၏။ |
ယုဒ၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ရှေ့ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိနဒပ်၏သား နာရှုန် ဦးစီး၏။
မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ ရက်အနည်းငယ်သာ တည်နေသောအခါလည်းရှိ၏။ သူတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း စခန်းချကြ၏။ ထာဝရဘုရား၏အမိန့်တော်အတိုင်း ခရီးပြုကြ၏။
ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့ စခန်းချကြ၏၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့ ခရီးပြုကြ၏။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူတို့သည် ထာဝရဘုရား၏ညွှန်ကြားချက်ကို စောင့်လျက်နေကြ၏။
မောရှေက “ဟောရပ်တောင်၌ ငါတို့၏ဘုရားသခင်ထာဝရဘုရားက ငါတို့အား ‘သင်တို့သည် ဤတောင်၌ ကြာမြင့်စွာနေထိုင်ကြပြီ။