တိတု 3:13 - မြန်မာ့စံမီသမ္မာကျမ်း ကျမ်းတတ်ပုဂ္ဂိုလ်ဇေနနှင့်အာပေါလုတို့ကို သူတို့အတွက် လိုလေသေးမရှိရအောင် သေချာစွာပို့ဆောင်ပေးလော့။ Common Language Bible ရှေ့နေဖြစ်သူဇေနနှင့်အာပေါလုတို့ခရီးပြု နိုင်ရန်အတွက်အစွမ်းကုန်ကူညီဆောင်ရွက် ပေးလော့။ သူတို့တွင်လိုလေသေးမရှိရ အောင်လည်းကူညီလိုက်ပါ။- Garrad Bible ကျမ်း တတ် ဆ ရာ ဇေ န နှင့် အာ ပေါ လု တို့၌ မည် သည် မျှ မ လို ရ အောင် ကြိုး စား၍ ပို့ လိုက် လော။ Judson Bible ကျမ်းဆရာဇေနနှင့်အာပေါလု၌ အဘယ်အရာမျှမလိုစေခြင်းငှာ ကြိုးစား၍လမ်း၌ပို့လော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းတတ်ပညာရှင် ဇေနနှင့် အာပေါလုတို့ကို အတတ်နိုင်ဆုံးကူညီ၍ လမ်းခရီးတွင် သူတို့လိုအပ်သမျှ အရာအားလုံးကို ဖြည့်ဆည်းပေးလော့။ |
တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။
ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်အား “ဆရာ၊ ဤသို့ပြောဆိုခြင်းသည် အကျွန်ုပ်တို့ကိုလည်း ရှုတ်ချရာရောက်ပါ၏”ဟု ပြန်လျှောက်သော်
ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် အသိပညာသော့ကိုသိမ်းယူ၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း တားဆီးကြ၏”ဟု မိန့်တော်မူ၏။
ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲတို့အား“ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးတော်မူ၏။
သို့သော် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ယောဟန်ထံမှ ဗတ္တိဇံကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားသခင်ကြံစည်ထားတော်မူသောအရာကို ပစ်ပယ်ကြ၏။)
ဤသို့ဖြင့် သူတို့သည် အသင်းတော်၏ပို့ဆောင်ခြင်းအားဖြင့် ဖိုနီးရှားနယ်နှင့်ရှမာရိနယ်တို့ကိုဖြတ်သွားရင်း လူမျိုးခြားတို့၏ပြောင်းလဲမှုအကြောင်းကို အကုန်အစင်ပြောပြကာ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
ထိုစဉ် အာပေါလုအမည်ရှိသော အလက်ဇန္ဒြိယမြို့သား ဂျူးလူမျိုးတစ်ဦးသည် ဧဖက်မြို့သို့ရောက်လာ၏။ သူသည် နှုတ်ရေးကောင်း၍ ကျမ်းစာကိုလည်း တတ်ကျွမ်းသူဖြစ်၏။
အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့်
သို့သော် ထိုနေ့ရက်များစေ့သောအခါ ငါတို့သည် ခရီးဆက်ရန် ထွက်ခွာကြ၏။ သူတို့အားလုံးသည် ဇနီး၊ သားသမီးများနှင့်အတူ မြို့ပြင်အထိ ငါတို့ကိုလိုက်ပို့ကြ၏။ ငါတို့သည် ပင်လယ်ကမ်းခြေတွင် ဒူးထောက်လျက်ဆုတောင်းပြီးနောက်
ထိုသူတို့သည် များစွာသောလက်ဆောင်ဖြင့် ငါတို့ကို ဂုဏ်ပြုလျက် ငါတို့ရွက်လွှင့်သောအခါ၌လည်း လိုအပ်သည့်အရာများကို တင်ပေးလိုက်ကြ၏။
စပိန်ပြည်သို့ ငါသွားသောအခါ သင်တို့ကို လမ်းကြုံဝင်တွေ့၍ အတော်အတန်အလိုဆန္ဒပြည့်စုံအောင် သင်တို့နှင့်အတူနေပြီးမှ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ထိုပြည်သို့သွားမည်ဟု ငါမျှော်လင့်ထား၏။
ထို့ကြောင့် မည်သူမျှ သူ့ကိုမထီမဲ့မြင်မပြုစေနှင့်။ ငါသည် ညီအစ်ကိုများနှင့်အတူ သူရောက်လာမည်ကို စောင့်နေသည်ဖြစ်၍ သူသည် ငါ့ထံသို့ပြန်လာနိုင်ရန် သူ့ကို ငြိမ်းချမ်းစွာပို့ဆောင်ကြလော့။
ငါ့ညီအာပေါလုနှင့်ပတ်သက်၍ သူသည် ညီအစ်ကိုများနှင့်အတူ သင်တို့ထံသို့လာရန် သူ့ကို လေးလေးနက်နက် ငါတိုက်တွန်းခဲ့သော်လည်း သူသည် ယခုလာရန် ဆန္ဒအလျဉ်းမရှိ။ သို့သော် အခွင့်သာသောအခါ သူလာလိမ့်မည်။