သစ္စာရှိသောပြည်သားတို့သည် အကျွန်ုပ်နှင့်အတူနေထိုင်ရမည့်အကြောင်း သူတို့ကိုအကျွန်ုပ်ကြည့်ရှုပါမည်။ စုံလင်သောတရားလမ်း၌ လျှောက်လှမ်းသောသူသည် အကျွန်ုပ်၏အမှုကို ဆောင်ရွက်ရပါလိမ့်မည်။
တိတု 2:10 - မြန်မာ့စံမီသမ္မာကျမ်း ခိုးယူခြင်းတို့ကိုမပြုဘဲ အစဉ်ကောင်းမွန်စွာသစ္စာစောင့်နေကြောင်းကိုပြသရန် တိုက်တွန်းနှိုးဆော်လော့။ ထိုသို့ပြုလျှင် သူတို့သည် အရာရာ၌ ငါတို့ကယ်တင်ရှင်ဘုရားသခင်၏သွန်သင်ချက်ကို တင့်တယ်စေကြလိမ့်မည်။ Common Language Bible သို့မဟုတ်ခိုးဝှက်မှုကိုမပြုရ။ ယင်းသို့ပြု မည့်အစားသူတို့သည်အစဉ်ရိုးသား၍ သစ္စာ ရှိသူများဖြစ်ကြောင်းပေါ်လွင်စေရမည်။ ဤ နည်းအားဖြင့်သူတို့သည်မိမိတို့ပြုသမျှ သောအမှုတို့တွင် ငါတို့ကယ်တင်ရှင်ဘုရား သခင်၏တရားတော်အရောင်အဝါကိုပိုမို၍ ထွန်းတောက်စေကြလိမ့်မည်။ Judson Bible တိတ်ဆိတ်စွာ ခိုးယူခြင်းကိုမပြုဘဲ၊ ခပ်သိမ်းသော သစ္စာကို ထင်ရှားစွာပြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခိုးဝှက်ခြင်းတို့ မပြုဘဲ သစ္စာရှိ၍ ယုံကြည်စိတ်ချရသူများ ဖြစ်စေရန် တိုက်တွန်းလော့။ ဤသို့ဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင်အကြောင်း သွန်သင်ချက်များသည် ပို၍ စိတ်ဝင်စားဖွယ် ဖြစ်လာလိမ့်မည်။ |
သစ္စာရှိသောပြည်သားတို့သည် အကျွန်ုပ်နှင့်အတူနေထိုင်ရမည့်အကြောင်း သူတို့ကိုအကျွန်ုပ်ကြည့်ရှုပါမည်။ စုံလင်သောတရားလမ်း၌ လျှောက်လှမ်းသောသူသည် အကျွန်ုပ်၏အမှုကို ဆောင်ရွက်ရပါလိမ့်မည်။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။
သူငယ်သည်လည်းကြီးထွား၍ စိတ်ဝိညာဉ်ကြံ့ခိုင်လာကာ အစ္စရေးလူမျိုးရှေ့၌ ထင်ရှားသည့်နေ့ရက်တိုင်အောင် တောကန္တာရ၌နေလေ၏။
သေးငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိ၏။ သေးငယ်သောအမှု၌ မဖြောင့်မတ်သောသူသည် ကြီးသောအမှု၌လည်း မဖြောင့်မတ်ပေ။
ထိုသို့ဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့၏အကျိုးကို ထောက်ထားငဲ့ညှာ၍မဟုတ်ဘဲ မိမိသည် သူခိုးဖြစ်ပြီး ငွေအိတ်ကိုထိန်းသိမ်းရင်း ထည့်ဝင်ငွေကို နှိုက်ယူလေ့ရှိသောကြောင့်ဖြစ်၏။
ထို့ကြောင့် ခေါ်ယူတော်မူခြင်းခံရသောသင်တို့သည် ထိုခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သောငါသည် သင်တို့ကိုတိုက်တွန်းနှိုးဆော်ပါ၏။
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။
ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့် ငါတို့၏မျှော်လင့်ရာဖြစ်တော်မူသော ခရစ်တော်ယေရှု၏အမိန့်တော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည်
ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။
ဘုရားသခင်၏နာမတော်နှင့်သွန်သင်ချက်တို့သည် စော်ကားပြောဆိုခြင်းမခံရစေရန် ကျွန်ထမ်းပိုးအောက်၌ရှိသမျှသောသူတို့သည် မိမိတို့သခင်များကို အပြည့်အဝရိုသေထိုက်သူများဟု မှတ်ယူကြပါစေ။
တစ်စုံတစ်ယောက်သည် ခြားနားသောဩဝါဒကိုသွန်သင်လျက် ငါတို့သခင်ယေရှုခရစ်တော်၏မှန်ကန်ပြည့်စုံသောတရားစကားနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ညီသောဩဝါဒတို့ကို မလိုက်နာလျှင်
အချိန်တန်သောအခါ ဟောပြောခြင်းအမှုအားဖြင့် မိမိ၏နှုတ်ကပတ်တရားကို ထင်ရှားစေတော်မူ၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်၏အမိန့်တော်အတိုင်း ထိုအမှုကို ငါ့အားယုံကြည်အပ်နှံတော်မူ၏။
သို့သော် ငါတို့ကယ်တင်ရှင်ဘုရားသခင်၏ကျေးဇူးပြုခြင်းနှင့်ချစ်ခင်ကြင်နာခြင်းတို့ ပေါ်ထွန်းတော်မူသောအခါ
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်၊ ကြောက်ရွံ့ရိုသေသောစိတ်နှင့် ကြည်လင်သောအသိစိတ်တို့ဖြင့် ဖြေရှင်းပြောဆိုကြလော့။ သို့ပြုလျှင် ခရစ်တော်၌ရှိသည့် သင်တို့၏ကောင်းသောအသက်ရှင်နေထိုင်မှုကို ကဲ့ရဲ့ရှုတ်ချသောသူတို့သည် သင်တို့ကို ပုတ်ခတ်ပြောဆိုသည့်အတွက် အရှက်ရကြလိမ့်မည်။
ခရစ်တော်၏သွန်သင်ချက်၌မတည်ဘဲ ၎င်းကိုကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကိုမရရှိပေ။ ထိုသွန်သင်ချက်၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုရရှိ၏။
အဟိမလက်က ရှင်ဘုရင်အား “အရှင်မင်းကြီး၏အမှုထမ်းအပေါင်းတို့တွင် ဒါဝိဒ်ကဲ့သို့ မည်သူသစ္စာရှိသနည်း။ သူသည် အရှင်မင်းကြီး၏သမက်တော်ဖြစ်၏။ အရှင်မင်းကြီး၏ကိုယ်ရံတော်မှူးလည်း ဖြစ်၏။ အရှင်မင်းကြီး၏အိမ်ထောင်မိသားစုတွင် ဂုဏ်သရေရှိသူလည်း ဖြစ်၏။
လူတို့ ဖြောင့်မတ်သည့်အတိုင်း၊ သစ္စာရှိသည့်အတိုင်း ထာဝရဘုရား ပြန်ပေးဆပ်တော်မူပါ၏။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးကို အကျွန်ုပ်လက်သို့အပ်တော်မူသော်လည်း ထာဝရဘုရား ဘိသိက်ပေးခြင်းကိုခံရသောသူအား အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုပါ။