သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။
တမန်တော်ဝတ္ထု 9:41 - မြန်မာ့စံမီသမ္မာကျမ်း ပေတရုသည် လက်ကမ်းပေး၍ သူ့ကိုဆွဲထူပြီးလျှင် သန့်ရှင်းသူတို့နှင့်မုဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသောတဗိသကို ပြလေ၏။ Common Language Bible ပေတရုသည်လက်ကိုကမ်းပေးပြီးလျှင်ထို အမျိုးသမီးကိုဆွဲထူလိုက်၏။ ထိုနောက် မုဆိုးမများအပါအဝင်ယုံကြည်သူများ ကိုခေါ်၍ အသက်ရှင်လျက်ရှိသောဒေါ်ကာ ကိုပေးအပ်၏။- Garrad Bible ပေ တ ရု လည်း လက် ကမ်း၍ ထူ ပြီး လျှင် သီး သန့် ထား သူ တို့ နှင့် မု ဆိုး မ တို့ ကို ခေါ် လျက် အ သက် ရှင် သော ထို မိန်း မ ကို အပ် လိုက် ရာ၊ Judson Bible ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်းသူတို့နှင့် မုဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုသည် မိမိလက်ကိုကမ်း၍ သူ့ကိုဆွဲထူပြီးလျှင် ယုံကြည်သူများနှင့် မုဆိုးမများကိုခေါ်ကာ အသက်ရှင်လျက်ရှိသောတဗိသကို သူတို့အား အပ်လေ၏။ |
သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။
ဧလိယသည် သူငယ်ကိုပွေ့ပြီး မိမိနေရာအထက်ခန်းမှ အောက်သို့ချီလာ၍ သူငယ်ကို မိခင်လက်သို့အပ်လိုက်ပြီး ဧလိယက “ကြည့်ပါ။ သင့်သား အသက်ပြန်ရှင်ပြီ”ဟု ဆို၏။
ဧလိရှဲကလည်း “ဆယ်ယူလိုက်ပါ”ဟုဆိုသဖြင့် ထိုသူသည် ပုဆိန်ကို လက်ဖြင့် လှမ်းယူလိုက်လေ၏။
ဘဝပျက်လုသူများကပင် ငါ့ကို လာ၍ချီးကျူးကြ၏။ ငါသည် မုဆိုးမတို့၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေခဲ့၏။
ထာဝရဘုရားသည် တိုင်းတစ်ပါးသားတို့ကို စောင့်ရှောက်၍ ဖတဆိုးနှင့်မုဆိုးမကို ကူညီစောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းကိုကား ကွေ့ကောက်စေတော်မူ၏။
ကိုယ်တော်သည်ချဉ်းကပ်၍ ထိုအမျိုးသမီး၏လက်ကိုကိုင်လျက် ထူမတော်မူရာ သူသည်အဖျားပျောက်သဖြင့် သူတို့ကိုဧည့်ဝတ်ပြုလေ၏။
မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။
သေသောသူသည် ထထိုင်ပြီး စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ့မိခင်ထံပြန်အပ်တော်မူ၏။
သူတို့သည် အသက်ရှင်လျက်ရှိသောလူငယ်ကို ခေါ်ဆောင်သွားကာ အလွန်စိတ်သက်သာရာရကြ၏။
ထိုသူ၏လက်ယာလက်ကိုဆုပ်ကိုင်၍ ထူမလိုက်ရာ သူ၏ခြေနှင့်ခြေကျင်းဝတ်တို့သည် ချက်ချင်းသန်မာလာသဖြင့်
ထိုနေ့ရက်များ၌ တပည့်တော်များတိုးပွားလာရာ ဂရိစကားကိုပြောသောဂျူးလူမျိုးတို့က မိမိတို့ထဲမှမုဆိုးမများသည် နေ့စဉ်ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရသည်ဟု ဟေဗြဲစကားကိုပြောသောဂျူးလူမျိုးတို့အပေါ် အပြစ်တင်ပြောဆိုကြ၏။
အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။
ပေတရုသည် အရပ်ရပ်သို့လှည့်လည်၍ လုဒ္ဒမြို့၌နေထိုင်သော သန့်ရှင်းသူများထံသို့ရောက်လာခဲ့ရာ
အမှန်တကယ်မုဆိုးမဖြစ်ပြီး တစ်ဦးတည်းကျန်ရစ်သောအမျိုးသမီးသည် ဘုရားသခင်ကိုမျှော်လင့်အားထားလျက် နေ့ရောညပါ အသနားခံခြင်းနှင့်ဆုတောင်းခြင်းတို့ကို စွဲမြဲစွာပြုတတ်၏။