အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 9:37 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​နေ့ရက်​များ​တွင် သူ​သည် နာမကျန်း​ဖြစ်​ပြီး​သေဆုံး​သွား​သဖြင့် လူ​တို့​သည် သူ​၏​အလောင်း​ကို​ရေချိုး​ပေး​ပြီးလျှင် အထက်ခန်း​၌ ထား​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​သည်​ဖျား​နာ​၍​သေ​လေ​၏။ သူ​၏​အ​လောင်း ကို​ရေ​ချိုး​ပေး​ကြ​ပြီး​သော်​အိမ်​၏​အ​ထက် ခန်း​တွင်​ပြင်​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

နာ၍ သေ လွန် သော် ရေ ချိုး လျက် အ ထက် ခန်း တွင် ပြင် ထား ကြ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ၌ နာ၍​သေ​လေ၏။ အ​လောင်း​ကို ရေ​ချိုး​ပြီး​လျှင် အ​ထက်​ခန်း၌​တင်​ထား​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​နေ့ရက်များ​တွင် သူ​သည် နာမကျန်း​ဖြစ်​ပြီး ကွယ်လွန်သွား၏။ လူတို့​က သူ​၏​အလောင်း​ကို ဆေးကြောသန့်စင်​ကာ အပေါ်ထပ်​အခန်း​၌ ထားကြ၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 9:37
6 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူ​သည် အဆင်သင့်​ခင်းကျင်း​ထား​သော​အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား ပြ​လိမ့်မည်။ ထို​နေရာ​၌ ငါ​တို့​အတွက် ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


သူ​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ မိမိ​တို့​တည်း​နေ​သော အိမ်​၏​အထက်ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ယာကုပ်​၏​သား​ယုဒ​တို့​ဖြစ်​ကြ​၏။


ငါ​တို့​စုဝေး​ရာ​အထက်ခန်း​တွင် မီးခွက်​အမြောက်အမြား​ထွန်း​ထား​၏။


ထို့ကြောင့် ပေတရု​သည် ထ​၍ သူ​တို့​နှင့်အတူ​လိုက်သွား​လေ​၏။ ပေတရု​ရောက်လာ​သောအခါ လူ​တို့​သည် သူ့​ကို အထက်ခန်း​သို့ ခေါ်ဆောင်​သွား​ကြ​၏။ မုဆိုးမ​အားလုံး​တို့​သည် ပေတရု​အနီး​၌​ရပ်​လျက် ငိုကြွေး​ကာ သူ​တို့​နှင့်အတူ ဒေါ်ကာ​ရှိ​စဉ်​က ချုပ်လုပ်​ခဲ့​သော​အင်္ကျီ​နှင့်​ဝတ်ရုံ​များ​ကို ပြ​ကြ​၏။