သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့နှင့်စကားပြောလျက် သခင်ယေရှုအကြောင်းကို ဟောပြောကြ၏။
တမန်တော်ဝတ္ထု 9:29 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလျက်နေ၏။ သို့သော် သူတို့သည် ရှောလုကိုသတ်ရန် ကြံစည်အားထုတ်ကြ၏။ Common Language Bible သူသည်ဂရိဘာသာစကားကိုသုံးစွဲသူ ယုဒအမျိုးသားများနှင့်အချေအတင် ဆွေးနွေး၏။ သို့ရာတွင်ထိုသူတို့သည်သူ့ ကိုသတ်ရန်ကြံစည်အားထုတ်ကြ၏။- Garrad Bible ဟေ လေ နစ် ယု ဒ လူ မျိုး တို့ နှင့် လည်း ဆွေး နွေး ငြင်း ခုန် သော် ကွပ် မျက် ရန် ထို သူ တို့ ကြံ စည် ကြောင်း ကို ညီ အစ် ကို တို့ ကြား သိ သ ဖြင့်၊ Judson Bible ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ဂရိစကားပြောသောဂျူးတို့နှင့် အချေအတင်ပြောဆိုဆွေးနွေးလေ၏။ သို့သော် သူတို့က ရှောလုကို သတ်ရန် ကြိုးပမ်းကြ၏။ |
သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့နှင့်စကားပြောလျက် သခင်ယေရှုအကြောင်းကို ဟောပြောကြ၏။
ထို့ကြောင့် သူသည် ဝတ်ပြုစည်းဝေးကျောင်းတွင် ဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့နှင့် ဆွေးနွေးပြောဆိုလျက် ဈေးအရပ်တွင်လည်း ထိုအရပ်၌ရှိသောသူတို့နှင့် နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆို၏။
သူတို့သည် ဧဖက်မြို့သို့ရောက်ကြသောအခါ ပေါလုသည် အခြားသောသူတို့ကို ထိုနေရာ၌ထားခဲ့ပြီး ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလေ၏။
ထို့နောက် ပေါလုသည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးပြောဆိုကာ လူတို့ကိုစည်းရုံးလေ၏။
သခင်ဘုရားကိုမြင်ရပါသည်။ ကိုယ်တော်က‘လူတို့သည် ငါနှင့်ပတ်သက်သော သင်၏သက်သေခံချက်ကို လက်ခံကြလိမ့်မည်မဟုတ်သောကြောင့် မဆိုင်းငံ့ဘဲ ဂျေရုဆလင်မြို့မှ အမြန်ထွက်သွားလော့’ဟု အကျွန်ုပ်အား မိန့်တော်မူသည်။
ထိုနေ့ရက်များ၌ တပည့်တော်များတိုးပွားလာရာ ဂရိစကားကိုပြောသောဂျူးလူမျိုးတို့က မိမိတို့ထဲမှမုဆိုးမများသည် နေ့စဉ်ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရသည်ဟု ဟေဗြဲစကားကိုပြောသောဂျူးလူမျိုးတို့အပေါ် အပြစ်တင်ပြောဆိုကြ၏။
သို့သော် ဗာနဗသည် သူ့ကိုဖေးမ၍ တမန်တော်တို့ထံသို့ ခေါ်ဆောင်လာပြီးလျှင် ရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို တွေ့မြင်ခဲ့ပုံမှစ၍ သခင်ဘုရားက သူ့အားမိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင် ယေရှု၏နာမတော်၌ ရဲရင့်စွာ သူဟောပြောခဲ့ပုံတို့ကို သူတို့အား ပြောပြလေ၏။
ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့၌ သူတို့နှင့်အတူနေလျက် ဝင်ထွက်သွားလာကာ သခင်ဘုရား၏နာမတော်၌ ရဲရင့်စွာဟောပြောလေ၏။
မကြာခဏ ခရီးထွက်၍ မြစ်ချောင်းတို့၌ကြုံရသောဘေး၊ ဓားပြတို့၏ဘေး၊ ကိုယ့်လူမျိုးတို့ပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့တွင်း၌ကြုံရသောဘေး၊ တောကန္တာရ၌ကြုံရသောဘေး၊ ပင်လယ်ထဲ၌ကြုံရသောဘေး၊ ညီအစ်ကိုအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။
ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။
ကောင်းကင်တမန်မင်းမိက္ခေလပင် မာရ်နတ်နှင့်ငြင်းခုံလျက် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ အချေအတင်ပြောဆိုကြသောအခါ ရှုတ်ချပြစ်တင်သည့်စီရင်ခြင်းကိုမပြုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ”ဟူ၍သာ ပြောဆိုခဲ့၏။