တမန်တော်ဝတ္ထု 9:28 - မြန်မာ့စံမီသမ္မာကျမ်း28 ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့၌ သူတို့နှင့်အတူနေလျက် ဝင်ထွက်သွားလာကာ သခင်ဘုရား၏နာမတော်၌ ရဲရင့်စွာဟောပြောလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible28 ရှောလုသည်လည်းတမန်တော်တို့နှင့်အတူ ယေရုရှလင်မြို့တွင်သွားလာလှုပ်ရှားလျက် သခင်ဘုရား၏နာမတော်ကိုအမှီပြု၍ ရဲရင့်စွာဟောပြောလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible28 ရှော လု သည် ယေ ရု ရှ လင် မြို့ တွင် တ မန် တော် တို့ နှင့် ဝင် ထွက် လျက် အ ရှင် ဘု ရား၏ နာ မ တော် နှင့် ရဲ ရင့် စွာ ဟော ပြော လျက် နေ ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဖော်၍၊ သခင်ယေရှု၏ နာမတော်ကိုအမှီပြု၍ ရဲရင့်စွာ ဟောလျက်နေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ထို့ကြောင့် ရှောလုသည် သူတို့နှင့်အတူနေလျက် ဂျေရုဆလင်မြို့အတွင်း ဝင်ထွက်သွားလာကာ သခင်ဘုရား၏အမည်နာမကိုအမှီပြု၍ ရဲဝံ့စွာ ဟောပြောလျက်နေ၏။ အခန်းကိုကြည့်ပါ။ |
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။