ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
တမန်တော်ဝတ္ထု 8:6 - မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်တို့သည် ဖိလိပ္ပုပြုသောနိမိတ်လက္ခဏာများကို ကြားရ၊ မြင်ရသောအခါ သူဟောပြောသည့်အရာများကို တညီတညွတ်တည်းဂရုစိုက်နားထောင်ကြ၏။ Common Language Bible လူပရိသတ်တို့သည်ဖိလိပ္ပုပြသည့်နိမိတ် လက္ခဏာများကိုမြင်သဖြင့် သူ၏တရား စကားကိုအာရုံစိုက်၍နာယူကြ၏။- Garrad Bible ပြ သော နိ မိတ် လ က္ခ ဏာ များ ကို မြင်၍ ဟော ပြော သော အ ကြောင်း အ ရာ များ ကို ကြား လျှင် လူ အ မြောက် အ မြား တို့ သည် တ ညီ တ ညွတ် တည်း ဂ ရု ပြု ကြ၏။ Judson Bible လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုပရိသတ်တို့သည် ထိုဟောပြောချက်ကို ကြား၍ ဖိလိပ္ပုပြသော နိမိတ်လက္ခဏာများကိုလည်း မြင်ကြသောအခါ သူဟောသောတရားကို တညီတညွတ်တည်း အာရုံစိုက်၍ နားထောင်ကြ၏။ |
ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
နောက်ဥပုသ်နေ့တွင် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရန် တစ်မြို့လုံးနီးပါး စုဝေးလာကြ၏။
ရှိမုန်ကိုယ်တိုင်သည်လည်း ယုံကြည်၍ ဗတ္တိဇံခံကာ ဖိလိပ္ပုကိုဆည်းကပ်လျက် နိမိတ်လက္ခဏာများနှင့် ကြီးမားသောတန်ခိုးလက္ခဏာများဖြစ်ပေါ်သည်ကို တွေ့မြင်၍ အံ့ဩငေးမောနေ၏။
ဖိလိပ္ပုသည်လည်း ရှမာရိနယ်ရှိ မြို့တစ်မြို့သို့သွား၍ လူတို့အား ခရစ်တော်အကြောင်းကိုဟောပြောလေ၏။
အကြောင်းမူကား များစွာသောသူတို့ထံ၌ပူးနေသည့် ညစ်ညူးသောနတ်တို့သည် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် ထွက်သွားကြ၏။ လေဖြတ်သောသူနှင့် ခြေမသန်စွမ်းသူများစွာတို့သည်လည်း အကောင်းပကတိဖြစ်လာကြ၏။