“အာဇုတ်မြို့တွင် မျိုးမစစ်သောသူတို့ နေထိုင်ကြလိမ့်မည်။ ဖိလိတ္တိလူမျိုးတို့၏မာနကို ငါချိုးဖျက်မည်။
တမန်တော်ဝတ္ထု 8:40 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။ Common Language Bible ဖိလိပ္ပုသည်အာဇုတ်မြို့သို့မိမိရောက်ရှိနေ သည်ကိုသိရ၏။ ထိုနောက်သူသည်ကဲသရိ မြို့သို့သွား၏။ လမ်းခရီးတွင်တစ်မြို့ပြီး တစ်မြို့သို့ဝင်၍သတင်းကောင်းကိုဟော ပြောကြေညာလေသည်။ Garrad Bible ဖိ လိ ပ္ပု သည် အာ ဇုတ် မြို့ တွင် ပေါ် လာ၍ ထို မြို့ မှ ကဲ သ ရိ မြို့ တိုင် လျှောက် သွား လျက် မြို့ ရွာ ရှိ သ မျှ၌ သ တင်း တော် မြတ် ကို ကြား ပြော လေ၏။ Judson Bible ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှ ကဲသရိမြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်းလျှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိလိပ္ပုမှာမူ အာဇုတ်မြို့၌ ရောက်ရှိနေပြီး ထိုမြို့မှ ဆီဇာရီးယားမြို့တိုင်အောင် မြို့အသီးသီးသို့ ဝင်ထွက်၍ သတင်းကောင်းကို ဟောပြောလေ၏။ |
“အာဇုတ်မြို့တွင် မျိုးမစစ်သောသူတို့ နေထိုင်ကြလိမ့်မည်။ ဖိလိတ္တိလူမျိုးတို့၏မာနကို ငါချိုးဖျက်မည်။
ဆီဇာရီးယားမြို့တွင် အီတလီတပ်ဟုခေါ်သောတပ်ဖွဲ့မှ ကော်နေလိအမည်ရှိသော တပ်မှူးတစ်ယောက်ရှိ၏။
နောက်တစ်နေ့၌ သူသည် ဆီဇာရီးယားမြို့သို့ ရောက်လေ၏။ ကော်နေလိသည် မိမိ၏ဆွေမျိုးများနှင့် ရင်းနှီးသောမိတ်ဆွေများကို စုရုံးထားလျက် သူတို့ကိုစောင့်မျှော်နေ၏။
ထိုခဏချင်းတွင် ဆီဇာရီးယားမြို့မှ ငါ့ထံသို့စေလွှတ်လိုက်သည့် လူသုံးဦးတို့သည် ငါရှိနေသောအိမ်သို့ ရောက်လာကြ၏။
ဟေရုဒ်မင်းသည် ပေတရုကို ကြိုးစားရှာဖွေသော်လည်း မတွေ့သဖြင့် အစောင့်တို့ကိုစစ်ဆေး၍ သေဒဏ်ပေးရန် အမိန့်ချလေ၏။ ထို့နောက် ယုဒပြည်မှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ ထိုမြို့၌နေလေ၏။
ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။
ဆီဇာရီးယားမြို့မှ တပည့်တော်အချို့တို့သည်လည်း ငါတို့နှင့်အတူလိုက်ပါ၍ ငါတို့တည်းခိုရန်စီစဉ်ထားသည့် ကနဦးတပည့်တော်ဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်ထံသို့ ခေါ်သွားကြ၏။
နောက်တစ်နေ့တွင် ထွက်ခွာ၍ ဆီဇာရီးယားမြို့သို့ရောက်ပြီးလျှင် ရွေးကောက်ခံရသူခုနစ်ဦးထဲမှ တစ်ဦးဖြစ်သည့်ကောင်းမြတ်သောသတင်းဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ဝင်၍ သူ့ထံ၌တည်းခိုကြ၏။
ထို့နောက် တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကိုခေါ်၍ “ညကိုးနာရီအချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ လှံတပ်သားနှစ်ရာနှင့် မြင်းတပ်သားခုနစ်ဆယ်တို့ကို ပြင်ဆင်ကြလော့။
မြင်းတပ်သားတို့သည် ဆီဇာရီးယားမြို့သို့ရောက်လျှင် စာကို ဘုရင်ခံအားပေးအပ်ကာ ပေါလုကိုလည်း သူ့ထံသို့အပ်ကြ၏။
ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ကြာသောအခါ ဆီဇာရီးယားမြို့မှ ဂျေရုဆလင်မြို့သို့ တက်သွားလေ၏။
ထိုမှ ရက်အနည်းငယ်ကြာပြီးနောက် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ဖေတ္တုမင်းကိုနှုတ်ဆက်ရန် ဆီဇာရီးယားမြို့သို့ရောက်လာကြ၏။
ထိုအခါ ဖေတ္တုမင်းက ပေါလုသည် ဆီဇာရီးယားမြို့တွင် ထိန်းသိမ်းထားခြင်းခံရပြီး သူကိုယ်တိုင်လည်း မကြာမီပြန်သွားရန် ရည်ရွယ်ထားကြောင်း ဖြေကြားပြီးလျှင်
ထို့နောက် ရှစ်ရက်၊ ဆယ်ရက်ခန့် သူတို့ထံ၌နေပြီးမှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ပေါလုကိုခေါ်သွင်းရန် အမိန့်ပေးလေ၏။
ပေတရုနှင့်ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို သက်သေခံ၍ဟောပြောကြပြီးနောက် ဂျေရုဆလင်မြို့သို့ပြန်သွားရင်း ရှမာရိနယ်သားတို့၏ကျေးရွာများစွာတို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။
ထိုအကြောင်းကို ညီအစ်ကိုတို့ကြားသိကြသောအခါ သူ့ကို ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်သွား၍ တာရှုမြို့သို့လွှတ်လိုက်ကြ၏။
နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများ၏တန်ခိုးအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအားဖြင့်လည်းကောင်း ပြုတော်မူသောအမှုအရာတို့မှအပ ငါသည် မည်သည့်အရာကိုမျှ အရဲစွန့်၍မပြောလိုပေ။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်သွားကာ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို စုံလင်စွာဟောပြောခဲ့၏။
အစ္စရေးအမျိုးသားတို့၏ပိုင်နက်ထဲတွင် အာနကလူမျိုး တစ်ယောက်မျှမကျန်။ ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့တို့၌သာ အနည်းငယ်ကျန်ရစ်၏။
ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သိမ်းယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့သယ်ဆောင်သွားကြ၏။